သူ Oikawaကိုလည်း စိတ်ပြေ လက်ပျောက် ဖြစ်စေရန် ဤနေရာသို အကြိမ်ပေါင်းများစွာ ခေါ်လာခဲ့ဖူးသည်။ သို့သော် ထိုအရာသည် oikawa အခြေအနေ အရမ်းမဆိုးသေးခင် လွန်ခဲ့တဲ့ လအနည်းငယ် အကြာက။

Aiko sanက ဝင်အောက် အနီးနားက ထိုင်ခုံရှည်လေးကို ရွေးချယ်ပြီး ဝင်ထိုင်သည်။ သူကတော့ သူမနှင့် ခပ်လှမ်းလှမ်း၌သာ မတ်တပ်ရပ်ရင်း အိတ်ကပ်ထဲ လက်ထည့် ထားခဲ့သည်။

"စိတ်မရှိ..စိတ်မရှိပါနဲ့!"

မျက်နှာများ နီရဲနေသည့် သူနာပြုလေးက ခေါင်းကို အတင်းငုံ့ထားရင်း သူ့အား စကားစလာခဲ့သည်။

"ကျွန်မ ရှင့်ဆီက သိချင်တာက ကျွန်မ ဘယ်..ဘယ်လို လုပ်မှ...အယ်...တကယ်တော့ ဆေးရုံက သူနာပြုတိုင်းက oikawaအပေါ် ထားတဲ့ ရှင့်အချစ်တွေက မြတ်နိုးပြီး ရဲရင့်တယ်လို့ ထင်ကြတယ်။"

ကောင်းပြီ ဒါတေါ့ သူလက်မခံနိုင်ဘူး။

သူ သူနာပြုလေးကို အသာငဲ့ကြည့်လိုက်သည်။

"အချစ်တဲ့လား?"

သူ့မေးခွန်းက Aikoအား အနည်းငယ်တော့ ကြောင်အ သွားစေသည်။

"အင်းလေ~ ရှင်က သူနဲ့ ချစ်နေကြတယ်မလား? ဟုတ်တယ်မလား? ဒီနှစ်ထဲမှာ သူ့ကို လာတွေ့ဖို့ ရှင် တစ်ရက်တစ်လေမှ မပျက်ကွက် ခဲ့ဖူးလေ~"

"ကျွန်တော် မဟုတ်..."

သူစကားစ ရပ်လိုက်ရင်း အတွေးထဲ၌ပါ ခေါင်းခါလိုက်သည်။

အချစ်?

သူက oikawaကို ချစ်တယ်?

အဲ့ဒီ ညစ်စုတ်စုတ် ကလေးစုတ်ကိုလေ?

အဲ့ဒီ စိတ်ရှုပ်စရာ ပြောင်စပ်စပ် တစ်ယောက်ကိုလေ?

သူ မည်သည့်စကားတို့ ပြန်ပြောရမည်မှန်း မသိတော့ပေ။

သူ့ရဲ့ ပြောစရာ စကား မရှိပုံတို့က Aikoကို ကြောင်အသွားစေ ပုံရသည်။

"ခဏ! ရှင် နဲ့ oikawa sanတို့က မဟုတ်ဘူးလား?"

"ကျွန်တော်တို့က... အင်! ကျွန်တော်က..."

Oikawa's last wish (mm translation)Where stories live. Discover now