ကျီးဝမ့်က ထိုOmegaအလှလေးအား ကာကွယ်ပေးရန် စိတ်ဆုံးဖြတ်ထားပြီး ဖြစ်သော်လည်း ထိုသူလေးကိုတွေ့တဲ့အခါမှာတော့ ကလေးနာမည်တောင် စဉ်စားပြီးတဲ့ အထိ ရူးသွပ်သွားရပြီဖြစ်သည်။

ယွမ့်ရန်က ကျီးဝမ့်ရဲ့အကြည့်တွေကိုသတိထားမိသွားပြီး တိုးတိုးပြောလိုက်သည်။

" ကောင်းပြီ မင်း Omegaလေးကို ဘာမှမလုပ်ပါဘူး"

ပြောရရင် ယွမ့်ရန်ရဲ့စကားလုံးများကအနည်းငယ် စော်ကားရာရောက်နေသည်။ ချီပေါ်ယန်နဲ့သူက အခုမှစတွေ့တယ်ဆိုတာအသိသာကြီးကို 'မင်းရဲ့ Omega' ဆိုပြီးခေါင်းစဥ်တပ်ပစ်လိုက်ခြင်းပင်။

သို့သော်လည်း ယွမ့်ရန်ရဲ့ ချီပေါ်ယန်အပေါ် အမြင်က 'လှပပြီး အမြင်ကပ်စရာကောင်းတယ် ' လို့သုံးသပ်နိုင်တာမို့၊ ယွမ့်ရန်က ချီပေါ်ယန်ကို ဘာကြောင့်မထီမဲ့မြင် ပြုရသလဲဆိုတာကို နားလည်နိုင်သည်။

ယွမ့်ရန်က ကျီးဝမ့်လက်ထဲက သူ့လက်ကိုပြန်ဆွဲထုတ်လိုက်သည်။

" အစ်ကိုလင်းနဲ့ ငါသွားသောက်လိုက်ဦးမယ်။ ပြီးရင်လာခေါ်လိုက်"

ကျီးဝမ့်က ယွမ့်ရန်ထွက်ခွာသွားတာကို ကြည့်နေလိုက်သည်။ ဆံညှပ်လေးကိုကိုင်ထားရင်း ခဏလောက်တွေဝေနေပြီးမှ အိပ်ကပ်ထဲထိုးထည့်လိုက်၏။

အဲ့ဒီနောက် ရုတ်တရက် သူ့အပြုအမူကို ချီပေါ်ယန် တွေ့သွားကြောင်း သတိထားမိလိုက်သည်။ ထိုသူက ခပ်ဝိုင်းဝိုင်းမျက်လုံးများကို ပင့်တင်ရင်း မှန်ကဆင့်သူ့ကိုကြည့်လို့နေသည်။ ကျီးဝမ့်မျက်နှာ ပူနွေးသွားရပြီး ဘာပြောရမှန်းမသိအောင် ရှက်ရွံ့သွားရသည်။

ကျီးဝမ့်က ရှက်လွယ်ကြောက်လွယ်သည့်လူစားမျိုးမဟုတ်ပေ။ သူ့မိဘတွေကို ကလေးဘဝကတည်းက ဆုံးရှုံးလိုက်ရပြီး၊ အဖွားဖြစ်သူက ခေါ်ယူ‌စောင့်ရှောက်ခဲ့သည်။ သူ့စရိုက်လက္ခဏာက ရင့်ကျက်တည်ကြည်ကာ သူ့ရုပ်ရည်သွင်ပြင်ကြောင့် စန်းပွင့်လွန်းလှပြီး၊ သူ ၁၈နှစ်သာ ရှိသေးပေမယ့် ချစ်ရေးဆိုသူများ ပေါများလှသည်။

ဒီနယ်ပယ်မှာ အတော်လေးအတွေ့အကြုံရင့်ကျက်နေပေမယ့် မရင်းနှီးတဲ့ Omega ရှေ့မှာ သူ့ပုံရိပ်က ဒီလိုအရှက်ရစရာ ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ခဲ့ပေ။

Give upWhere stories live. Discover now