ကျီးဝမ့်နောက်ကျောက ချွေးစို့နေကာ အဝတ်အစားများပါ ချွေးဖြင့်အနည်းငယ် စိုရွှဲလို့နေသည်။ ဒါပေမယ့် သူ့အနောက်ဘက်မှ ချီပေါ်ယန်ကတော့ ဘာစကားမှ ပြောမလာခဲ့ပေ။

ကျိုးလဲမျက်နှာက ပို၍ပင်အရုပ်ဆိုး လာသည်။ သူ ဘေးကိုလှည့်ကာ ချီပေါ်ယန်နဲ့ မျက်လုံးချင်း ဆုံစေလိုက်သည်။

"ဟုတ်ပါပြီ၊ လူကြီးမင်းချီ.....အကုန်ပြင်ဆင်ပြီးပြီဆိုတော့ ဆက်ရိုက်လိုက်ရအောင် "

"စိတ်မပူပါနဲ့ ဒီတစ်ခါတော့ သေချာလေးလုပ်ပါ့မယ်" ကျီးဝမ့် စကားလုံးတစ်လုံးချင်းစီ ပြောလိုက်သည်။

ချီပေါ်ယန်က သူ့စကားပြောကို စောင့်မျှော်နေဟန်တူပြီး၊ "ဒါဆိုဒါရိုက်တာကြီးရဲ့ စကားကိုနားထောင်ပြီး ဆက်ရိုက်ကြတာပေါ့ "

ပြောပြီးတော့ ချီပေါ်ယန်က ရှေ့သို့လျှောက်လာကာ ကျိုးလဲ့ပုခုံးကိုဆွဲလိုက်သည်။ "အကိုကြီး၊ ဒီည ညစာသွားစားကြမလား? အမယွမ်က ရိုက်ကွင်းကိုအလည်လာမယ်တဲ့ "

ကျိုးလဲ့ ထိုနာမည်ကို ကြားလိုက်ချိန်မှာတော့ အနည်းငယ်ငြိမ်ကျသွားသည်။

"ကောင်စုတ်လေး ငါလည်းညစာစားချင်တာပေါ့။ ရိုက်ကူးရေးက ညအထိပြီးနိုင်ပါ့မလားမသိဘူး"

ချီပေါ်ယန် အနည်းငယ်ပေါ့ပါးသွားရသည်

" ဘာလို့ရိုက်ကူးရေး မပြီးရမှာလဲ? အလုပ်မဖြစ်ရင် ကုမ္ပဏီကိုပြောပြီး ဘတ်ဂျက်ထပ်ထည့်ပေးဖို့ ပြောလိုက်မယ်"

ကျီးဝမ့်က ကျိုးလဲ့ဒေါသမှ ကျေနပ်မှုသို့ ပြောင်းလဲသွားသည့် မျက်နှာအမူအရာကိုကြည့်နေလိုက်ပြီး၊ သူရဲ့စပ်စုချင်နေစိတ်ကိုပါ နောင်တရလိုက်သည်။

ချီပေါ်ယန်က ဘယ်သူ့ကိုပဲပြဿနာရှာရှာ သူနဲ့ဘာများသက်ဆိုင်နေလို့လဲ? ချီပေါ်ယန်ကသူ့ထက်ပိုပြီး လူတွေနဲ့ရောနှောပေါင်းသင်းနေထိုင်တတ်သေးသလို၊ ပိုပြီးတော့တောင်လူချစ်လူခင်ပေါသေးသည်။

ရိုက်ကူးရေး နောက်တစ်ကြိမ် စတင်လိုက်သည်။ သူပြောခဲ့တဲ့အတိုင်းပင် ကျီးဝမ့်ကအလုပ်ပိုကြိုးစားကာ ပိုစိတ်ဝင်တစားလုပ်ကိုင်တော့သည်။ သူမျက်လုံးတွေက အရင်ကထက်ပိုပြီး နက်ရှိုင်းလို့နေသည်။ ဖန်သားပြင်ပေါ်တွင် ထင်ဟပ်နေသော ကျီးဝမ့်ရဲ့တကယ့်အစစ်အမှန်လို့ ထင်ရလောက်သော စွဲစွဲလမ်းလမ်း ချစ်ခြင်းမေတ္တာတစ်ခုရဲ့ ပုံရိပ်က ဝန်ထမ်းများအတွက် ချီပေါ်ယန်‌အား နက်နက်ရှိုင်းရှိုင်းချစ်ခင်နေသည့်နှယ် ထင်ယောင်ထင်မှားအမြင်မှား ဖြစ်ရလောက်အောင်ပင်။

Give upWhere stories live. Discover now