ရေခဲသေတ္တာထဲဖွင့်ကြည့်ပြီး ဘာမှသိပ်မရှိတဲ့သူ့ကိုမေမေကပွစိပွစိပြောနေသေးသည်။ TaeHyung ကိုယ့်အတွေးနဲ့ကိုယ်တစ်ယောက်တည်းရှက်နေတာမလို့ ကြားတစ်ချက်မကြားတစ်ချက်။

"ထမင်းစားပြီးပြီလား"

TaeHyung ခေါင်းလေးယမ်းပြတော့မေမေက မျက်စောင်းလေးနှင့်ကြည့်လာတာမလို့ သွားလေးတွေအကုန်ပေါ်အောင်သာစိပြီးရယ်ပြမိတော့သည်။

"ဒါဆို ခဏစောင့်ဦး မေမေချက်ပေးမယ်"

"ဟုတ်"

မေမေလက်ရာကိုဝေးနေတာကြာပြီမလို့ TaeHyung ချက်ချင်းပင်ခေါင်းညိတ်မိတော့သည်။ ထိုစဉ် နောက်ထပ်ကြားလိုက်ရတဲ့ တံခါးဘဲလ်သံကြောင့် TaeHyung မှာတံခါးကိုသွားပြီး ပြေးဖွင့်ရပြန်သည်။

ဒီတစ်ခါတံခါးအဝမှာတွေ့လိုက်ရတာတော့ ဟိုဝဲစားလေး။ သူလည်းအထုတ်အပိုးတွေအပြည့်နဲ့ပဲ။

"ဘာလာလုပ်တာလဲ"

"အောဟော ကိုယ့်ရဲ့ပိုင်ရှင်ကအိမ်လာတာကိုအခုလိုပြောစရာလား"

"မင်းမေကြီးတော်ကို ပိုင်ရှင်လား...လစ်တော့"

"ရမယ်ထင်လား"

အထုတ်အပိုးတွေတစ်ပွေ့တစ်ပိုက်နှင့် အိမ်ထဲမရမကဝင်လာတဲ့ဟာလေးကြောင့် TaeHyung စိတ်ညစ်ပြီ။ မေမေရောက်နေတာလေ။ မတော်တရော် ပေါက်ကရတွေထပြောရင် သူပဲပြေးပေါက်မှားမှာ။

"Baby Hyung ကျွန်တော် ဒီအပေါ်တင်ထား လိုက်...."

စကားမဆုံးခင် မီးဖိုထဲက အန်တီကြီးတစ်ယောက်ကြောင့် JungKook စကားလေးတွေလေထဲရပ်တန့်ကုန်သည်။ ထိုအန်တီကြီးကလည်း သူ့အသံကြီးကြောင့် နားမလည်သလိုကြောင်အစွာပြန်ကြည့်နေသည်။

"ဘယ် သူလဲဟင်"

"အာ ကျွန်တော်က Jeon Jung Kook ပါ....Baby Hyung လေးရဲ့ မူပိုင်.....ရှင် အင် အင်"

"Jeon Jung Kook"

ဒီတစ်ခါလည်းကြောက်မက်ဖွယ်အသံနက်ကြီးနဲ့ Baby Hyung ရဲ့အော်သံကြောင့် သူ့ရဲ့စကားတွေလေထဲရပ်တန့်ရပြန်သည်။

"မင်းလာဦး....မေမေ ခဏလေးနော် သူနဲ့ပြောစရှိလို့"

"အေးအေး သားလေး"

 A Boy Named JeonJungKook [Completed]Where stories live. Discover now