အပိုင်း ၄၁

Start from the beginning
                                    

ရှောင်ဟန်က ကျိုးယွင်ကို တွဲထားလျက်နဲ့ပင်
အခန်းတံခါးကို ခက်ခက်ခဲခဲတွန်းဖွင့်လိုက်ရသည်။
သူ့ဘက်ကို ကျိုးယွင် သိပ်မယိမ်းယိုင်လာစေဖို့နဲ့ အခြားတဖက်ကိုလည်း ယိမ်းယိုင်ပြီး ထိုးကျမသွားစေအောင် ဟန်ချက်ထိန်းလျောက်ပြီး အခန်းထဲကို ဖြေးဖြေးမှန်မှန်ခြေလှမ်းများသုံးကာ လှမ်းဝင်ပေးနေရသည်။
အခန်းထဲကို ရောက်သည်နှင့် ရှောင်ဟန်က အခန်းတံခါးရှိရာကို ခေါင်းလှည့်ကြည့်ရင်း လက်ကို နောက်ပြန်လှမ်းပြီး အခန်းတံခါးကို  ပြန်ပိတ်နေရသေးသည်။

ရှောင်ဟန် အခန်းတံခါးပိတ်ပြီးသွား၍ အရှေ့ကို
ခေါင်းပြန်လှည့်ဖို့ ကြံရွယ်လိုက်သည့် အခိုက်အတန့်မှာပင် တစ်စုံတစ်ရာ လွဲမှားနေတယ်ဆိုတာ သူက စတင်ပြီး ခံစားလိုက်ရသည်။

မှန်ပါသည်။သူ ခံစားမိလိုက်သည့် အတိုင်းပင် အမှန်တကယ်ကြီးကို ဖြစ်ပျက်သွားခဲ့လေသည်။ သူ့ပုခုံးတစ်လျောက်ကို လက်တင်တွဲခိုလာခဲ့သည့် ကျိုးယွင်ရဲ့ မှီခိုမှု့ကြီးသည်ကား ယခုတွင်တော့ လစ်လပ်သွားခဲ့ပြီဖြစ်သည်။

အခန်းမီးက မဖွင့်ရသေးတာကြောင့် ကျိုးယွင် ဘယ်မှာ ရှိနေနိုင်လောက်လည်း ဆိုတာကို သူမသိနိုင်။
ချက်ချင်းဆိုသလို ရှောင်ဟန်လည်း ခေါင်းနှပန်းကြီးလာရတော့သည်။ ထိုနည်းတူ ရှောင်ဟန်ရဲ့ စိတ်တစ်နေရာတွင်လည်း နောင်တတရားနှင့်အတူ ကြောက်ရွံ့စိုးထိတ်နေသည့် စိတ်အခြေကြီးက အလုံးအရင်းပင် ဝင်ရောက်လာခဲ့သည်။

ရှောင်ဟန်က သူ့ရဲ့ စိုးထိတ်ကြောက်လန့်လာမိတဲ့စိတ်ကို ချုပ်တီးထားလိုက်ပြီး အခန်းမီးခလုပ်ရှိရာဆီကို လက်လှမ်းလိုက်ရသည်။
နေ့စဉ်ပြုလုပ်လာခဲ့သည့် လုပ်ရိုးလုပ်စဉ်တစ်ခု၏ ကျင့်သားအရ မမြင်ရလျှင်တောင်မှ မီးခလုပ်ရှိရာကို သူ မှန်းဆနိုင်ပါသေးသည်။

မီးခလုပ်ရှိရာကို ရှောင်ဟန်လက်လှမ်းဖွင့်လိုက်တော့
တားဆီးပိတ်ပင်ခံရတာမျိုး ဖြစ်မလာပေ။
မည်သည့် အတားအဆီးမှ ရှိမနေခဲ့..။

အခန်းအတွင်း တစ်လျောက်လုံးတွင် မီးမှိန်ဖျဖျလေး များက တန်းစီလင်းထိန်လာခဲ့သည်။
ကျိုးယွင်နဲ့ အတူ နေထိုင်လာခဲ့တဲ့ ၈နှစ်တာ ကြာချိန်သက်တမ်းအရ သူသည်လည်း လင်းထိန်လွန်းတဲ့ မီးအလင်းရောင်ကို မနှစ်ခြိုက်တော့ပေ။
ကျင့်သားတစ်ခုအရဖြစ်လောက်သည်။ သူသည်လည်း မီးရောင်ဖျော့ဖျော့နဲ့သာ ၈နှစ်လုံးလုံး ကျင့်သားရခဲ့သည်။
တစ်ခါတစ်ရံ မီးအလင်းထွန်းခဲ့ပေမဲ့ သိပ်ပြီးအလုပ်ဖြစ်မလာခဲ့ပေ။
မှောင်လွန်းရင်လည်း သူ မကြိုက်သလို လင်းထိန်လွန်းလျှင်လည်း အကြိုက်မတွေ့ဖြစ်ခဲ့ရသည်။
ဒါက ကျိုးယွင်သင်ပေးလိုက်တဲ့ အမူအကျင့်
တစ်ခုလို့မဆိုသာသည့် သူကိုယ်တိုင် အလိုအလျောက် သင်ယူလက်ခံလာမိသည့် အမူအကျင့် တစ်ခု။

Love of an idoit  အရူးတစ်ယောက်ရဲ့အချစ် [Ongoing]Where stories live. Discover now