" ဒါ အင်ကြင်းခိုင်တဲ့ သူ့ဘေးကတော့ အတွင်းရေးမှူး"

နှစ်ဉီးနှစ်ဖက် အသိအမှတ်ပြုသည့်အနေနဲ့ ခေါင်းသာညိတ်ပြလိုက်သည်။

" ကျွန်တော့်ကို လိုရင်းပြောပြရင်ရပါပြီ "

" အဓိကကတော့ ကျွန်မက Ala ကထွက်တဲ့ အကျီ Design တွေကိုသဘောကျပါတယ်၊ ကျွန်မတို့ ဆိုင်ခွဲတွေကနေတဆင့် ဖြန့်ချီချင်တဲ့အတွက် လာကမ်းလှမ်းလာပါ "

" Ala ကိစဆိုရင်တော့ ကျွန်တော့်ခင်ပွန်းနဲ့ဆက်သွယ်ရမှာ ဘာလို့ ကျွန်တော့်ကို လာပြော​နေတာလဲဗျ "

ကျွန်တော့်ခင်ပွန်းဆိုတဲ့စကားနေရာမှာ ကောင်မလေး သိသိသာသာမျက်နှာပျက်သွားသည်ကို သီဟ မြင်လိုက်တာကြောင့် မဲ့ပြုံးတစ်ချက်ပြုံးလိုက်သည်။

" ကျွန်မတို့ Ala ကို ဆက်သွယ်ပြီးပါပြီ ဒါပေမယ့် သူတို့ဘက်က လက်မခံတဲ့အတွက် အစ်ကိုသီဟကို အကူအညီတောင်းရတာပါ "

" Ala ဘက်က ငြင်းထားတယ်ဆိုရင်တော့ ကျွန်တော့်ဘက်က ဘာမှလုပ်ခွင့်မရှိပါဘူး။ လုပ်ခွင့်ရှိတယ်ဆိုရင်တောင် ကျွန်တော့်ခင်ပွန်းရဲ့ ခွင့်ပြုချက်ကို အမတို့လိုက်နာရမှာဗျ "

" ဒါဆို Oli နဲ့ လက်တွဲဖို့ဆိုရင်ရော စဉ်းစားပေးနိုင်မလားရှင် "

" အဲ့ဒါဆိုရင်တော့ ကျွန်တော့်ခင်ပွန်းနဲ့တိုင်ပင်လိုက်ပါဉီးမယ် "

" အာ..ဟုတ်... ဟုတ်ကဲ့ "

" ဒယ်ဒီ ဒါပဲမလား ကျွန်တော်သွားတော့မယ် "

" ခဏလောက်နေပါဉီးလား "

" ကိစလေးရှိလို့ ဒယ်ဒီ၊ သွားခွင့်ပြုပါဉီး "

အကြာကြီးမနေချင်တာကြောင့် စကားစကိုဖြတ်ကာ ထွက်လာခဲ့သည်။ လမ်းလျှောက်နေတုန်း

" အစ်ကိုသီဟ " ဆိုတဲ့အသံနဲ့အတူ လက်ကိုလာချိတ်သော ကောင်မလေးတစ်ယောက်ကြောင့် ဒေါသအနည်းငယ်ထွက်သွားသည်မို့ လက်ကိုဖြုတ်ချပစ်လိုက်သည်။

" ဘာလုပ်တာလဲ! "

" အစ်ကိုကလည်း မတွေ့တာကြာလေ ပိုပိုပြီး စိမ်းလာလေဖြစ်နေပြီ "

ထိုမိန်းကလေးဟာ တခြားသူတော့မဟုတ်။ ပိုးအိ ဖြစ်သည်။ ဒယ်ဒီ့မိတ်ဆွေရဲ့ သမီးဖြစ်သလို ဒယ်ဒီနဲ့အလုပ်တွဲလုပ်နေရတာကြောင့် ဝင်ထွက်သွားလာရှိနေပုံရသည်။

မောင့်မူပိုင် (Completed) Where stories live. Discover now