" အခန်းထဲမှာ မီးခြစ်မရှိဘူး ကျွန်တော်တစ်ခု သွားဝယ်လိုက်မယ် "

"ငါဆေးလိပ်မသောက်ဘူး"
ချီပေါ်ယန်ကပြောလာသည်။

သေချာတာပေါ့။ လိဖန်ဒီအကြောင်းသိသည်။ သို့သော်လည်း ချီပေါ်ယန်လိုလူမျိုးက အမြဲစိတ်အပြောင်းအလဲမြန်တဲ့ လူစားမျိုးဖြစ်သောကြောင့် ရုတ်တရက်ကြီး ဆေးလိပ်ထသောက်ချင်ရင်တောင် ထူးဆန်းတဲ့ကိစ္စမဟုတ်ပေ။

လိဖန်၊ "ဒါဆိုကျွန်တော့်အခန်းကိုအရင်ပြန်နှင့်မယ်"

ချီပေါ်ယန်က ဆေးလိပ်ဖင်စီခံကိုကိုက်ရင်း "အင်း" လို့ပြောလိုက်ပြီး၊ ဘယ်အကြောင်းအရာကို စဉ်းစားနေမှန်းမသိဘဲ ထပ်ရယ်ပြန်သည်။

ဒီအခန်းရဲ့လေထုအခြေအနေနဲ့ယှဉ်ရင် ကျီးဝမ့်ရဲ့အခန်း လေထုအခြေအနေက ပိုဒတိတ်ဆိတ်ငြိမ်သက်နေသည်။

ရှောင်ရှုက ကျီးဝမ့်ကို အနှောက်အယှက်ဖြစ်မည်စိုးသဖြင့် ရေချိုးခန်းထဲ၌ တိတ်တိတ်ဆိတ်ဆိတ်ရေချိုးနေလေသည်။

ရှောင်ရှု ညဘက်တရေးနိုးလာတော့ အခန်းက မှောင်နေတုန်းဖြစ်ပြီး၊ သူရေဆာလာတာကြောင့် အိပ်ယာမှထလိုက်သည်။ ကျီးဝမ့်ကဆိုဖာပေါ်တွင် လှဲလျောင်းနေဆဲဖြစ်ကြောင်း မြင်လိုက်ရတော့၊ စောင်ယူပြီး ကျီးဝမ့်အပေါ် လွှမ်းခြုံပေးလိုက်သည်။

ရှောင်ရှု ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်ပြီးနောက်၊ ကျီးဝမ့်မျက်လုံးတွေ ပွင့်လာသည်။

ကျီးဝမ့်အသံက အနည်းငယ်ဩရှနေလျက်၊ "ဘယ်အချိန်ရှိပြီလဲ?"

ရှောင်ရှုက ဟိုတယ်နံရံပေါ်က နာရီကိုလှမ်းကြည့်လိုက်ပြီး "၅နာရီ"။ တကယ်တမ်းကျီးဝမ့်၂နာရီလောက်သာ အိပ်လိုက်ရသည်။

ရှောင်ရှုက အနည်းငယ်မျှ ရင်ထဲနာကျင်သွားရသည်။ "ခရီးဆောင်အိတ်ထဲမှာ အိပ်ဆေးရှိတယ်။ ၂လုံးလောက် သောက်လိုက်မလား? "

ကျီးဝမ့်က သရုပ်ဆောင်တစ်ယောက်ဖြစ်ပြီး၊ ပရော်ဖက်ရှင်နယ်တစ်ယောက်အနေနဲ့ သူအိပ်ချင်စိတ် ရှိမနေရင်အောင်မရ,ရအောင်အိပ်ပစ်ရမည်။ အဲ့လိုမှမဟုတ်ရင်ရိုက်ကူးရေးကိုထိခိုက်စေပြီး၊ အဖွဲ့ရဲ့လုပ်ငန်းအစီအစဉ်များကိုနှောင့်နှေးစေလိမ့်မည်။

Give upWhere stories live. Discover now