"ဟုတ်တယ်၊ အစ်ကိုဝမ့်က တော်တယ်လေ။ သူကတကယ့်ကိုသရုပ်ဆောင်ကောင်းပြီး လေးနက်တဲ့ သရုပ်ဆောင်တစ်ယောက်ပဲ "

လိဖန်: " သူ ဇာတ်ဆောင်အမျိုးသမီးနဲ့ သရုပ်ဆောင်တဲ့ပုံကို ကိုယ် အရမ်းသဘောကျတယ်၊ ဒါပေမယ့် သူတို့နှစ်ယောက်က ဇာတ်လမ်းထဲမှာတင် သရုပ်ဆောင်ရုံမဟုတ်ဘဲ အပြင်မှာလည်း...."

ရှောင်ရှုကချက်ခြင်း ငြင်းဆိုလိုက်သည်။

" ဘာကိုလဲ? မဟုတ်ပါဘူး! အစ်က်ိုဝမ့်က ဘယ်တုန်းကမှ ရှုပ်ရှုပ်ရှပ်ရှပ် AO( Alpha Omega) ပတ်သက်မှုတွေမရှိဖူးဘူး "

လိဖန်က သေချာအောင်ထပ်မေးသည်။ " Betaနဲ့ဆိုရင်ရော? "

"Beta ဆိုရင်လည်း အလုပ်မဖြစ်ဘူး။ အခုမှ အစ်ကိုဝမ့်ရဲ့တက်လမ်းပွင့်ရုံရှိသေးတာ၊ သူ့အလုပ်ကပိုအရေးကြီးတယ်လေ "

ရှောင်ရှုက လိဖန်အားမပျော်မရွှင်ကြည့်ရင်းပြောလိုက်ပြီး၊ သူ့စိတ်ထဲမှာတော့ 'လူတွေအားလုံးကမင်းရဲ့ချီပေါ်ယန်လိုများထင်နေလား? ပြဿနာပဲ၊ လာစမ်းပါ!

အစ်ကိုဝမ့်က သန့်ရှင်းပြီး ကိုယ့်ဘာသာရပ်တည်နိုင်တဲ့ အဆင့်အတန်းမြင့် Alpha တစ်ယောက်ကွ!

လိဖန်က ဖက်ထုပ်ပန်းကန်လေးကိုရှေ့တိုးပေးလိုက်ရင်း၊ " ဒေါသမထွက်ပါနဲ့၊ ဖက်ထုပ်စားလိုက်ပါဦး Wechat လေး Add လို့ရမလား? "

ရှောင်ရှုက စိတ်မပါပေမယ့် ချီပေါ်ယန်ရဲ့လက်ထောက်နဲ့ အနာဂတ်မှာဆက်သွယ်နိုင်ဖို့အတွက် Wechat addလိုက်သင့်တယ်လို့တော့ ထင်လိုက်သည်။

အနုပညာရှင်ရဲ့လက်ထောက်တစ်ယောက်အနေနဲ့ အခြေအနေနဲ့အချိန်အခါကိုလိုက်ပြီး အခွင့်အရေးကိုအရယူရမည်လေ။

Wechat addပြီးတော့၊ ကျီးဝမ့်ရဲ့ဖုန်း ဝင်လာသည်။ ရှောင်ရှုအမြန်ဖုန်းကိုင်လိုက်တော့၊ ကျီးဝမ့်ကအခန်းဆီပြန်လာဖို့ပြောပြီး၊ ရှောင်ရှု နှုတ်ခမ်းတောင်မသုတ်နိုင်ဘဲ အခန်းထဲက အပြေးထွက်သွားလိုက်၏။

ရှောင်ရှု အချိန်ကြာကြီး တံခါးခေါက်ပြီးနောက်၊ တစ်ယောက်ကတံခါးလာဖွင့်ပေးသည်။

တံခါးနောက်မှာတော့ ချီပေါ်ယန်ရပ်နေပြီး ညာဘက်ပါးတစ်ဖက်ကရောင်နေကာ မျက်မှောင်ကျုတ်ကြည့်ရင်းမေးသည်။

Give upWhere stories live. Discover now