" ကိစ္စမရှိပါဘူးသားရယ်၊ သားကို အမေတွေ့ချင်လို့ပါ "

" ခဏနေရင် လာခဲ့မယ် အမေ "

" ဟုတ်ပါပြီကွယ် "

အလုပ်လည်းမရှိတော့တာမို့ အိမ်ပြန်ဖို့ သီဟထံ ဖုန်းဆက်လိုက်သည်။

" ပြော "

" ငါ အမေတို့ဆီသွားမလို့ "

" သွားလေ ကျွန်တော်ပြီးရင်လိုက်ခဲ့မယ် "

" သွားဖို့တော့​ဟုတ်တယ်လေ ကားကဘယ်မှာလဲ "

" မင်းဝေကို ခင်ဗျား Company မှာစောင့်ခိုင်းထားတယ် "

" ဒါပဲ "

ဖုန်းကို ဘောင်းဘီအိတ်ကပ်ထဲထိုးထည့်ကာ ကား ထားရာနေရာသို့ ထွက်လာခဲ့ပြီး မင်းဝေက အဆင်သင့်စောင့်နေသည်ကိုတွေ့လိုက်ရသည်။

" အမေတို့အိမ် "

ပြောပြီးသည်နှင့် ကားထဲဝင်ထိုင်လိုက်သည်။ သေချာသလောက်ကတော့ သူတို့အိမ်ထောင်ရေးကိစ ပြောလိမ့်မည်။

အိမ်ရောက်တော့ အဖေနဲ့အမေက ဧည့်ခန်းထဲထိုင်နေသည်။

" ကျွန်တော်ရောက်ပြီ "

" ရောက်ရင် လာထိုင် "

" မျက်နှာလေးပြဖို့တောင် တော်တော်ခဲယဉ်းသလား သားရယ် "

" အလုပ်လေး ရှုပ်နေလို့ပါ အမေ "

" ဘာအလုပ်လဲ ပြသနာရှာတဲ့အလုပ်လား "

" အဖေ! "

" ငါပြောတာ ဘာမှားလို့လဲ၊ မင်းက ပြသနာရှာမယ်၊ သီဟက နောက်ကလိုက်ရှင်းတယ် ငါပြောတာမှားလား "

" ဒါ ကျွန်တော်သူ့ကို ရှင်းခိုင်းတာမှမဟုတ်ပဲ "

" မင်းလုပ်ထားတာတွေက ဟုတ်မှဟုတ်မနေတာ သူမရှင်းလို့ ဘယ်သူရှင်းမှာလဲ "

" ကျစ်! အဖေတို့ကလည်း သူ့ဘက်ကချည်းပဲ "

" အဲ့လိုတော့မဟုတ်ပါဘူး သားရယ် "

" သွယ် ဘာမှမပြောနဲ့၊ မင်း သီဟလိုလူမျိုးနဲ့ရတာ ကံကောင်းတယ်မှတ်၊ မင်း တခြားသူနဲ့သာဆိုရင် မတွေးရဲစရာပဲ "

" မတွေးရဲရင် မတွေးနဲ့ပေါ့ အဖေရာ "

" မင်း! "

မောင့်မူပိုင် (Completed) Where stories live. Discover now