အရင်နှစ် ဒီလိုအချိန်ဆို စျေးဝယ်ကြ ပြင်စရာရှိတာပြင်ပြီး မွေးနေ့ပွဲ ကျင်းပဖို့
ပျော်နေရပြီ...သို့သော်ဒီတစ်နှစ်မွေးနေ့ ကတော့ သာမန်နေ့တွေလိုပါပဲ။
မေမေလည်း ဘာမှသွားမဝယ်သလို ဖေဖေလည်း ခဏနေအလုပ်သွားတော့မည်။
သူငယ်ချင်းတွေလည်း ဘယ်သူမှမလာ။လက်ဆောင်တစ်ချို့ နှင့် ပန်းစည်း လေးတွေသာ ပို့လာကြသည်။တကယ်လို အရင်လို ပွဲလုပ်ကြပါပြီး ဆိုရင်တောင်
မိန်းငယ် ပျော်နိုင်မည်မဟုတ်ပေ။ အစ်ကိုနဲ့မှမဟုတ်ရင် ဘယ်နှစ်ပတ်လည်ကိုမှမဖြတ်သန်းချင်ပါ။ဘာမှလည်းထွေထွေထူးထူးမလုပ်ဖြစ်တော့ မိန်းငယ် အစ်ကိုလမ်းခရီးအဆင်ပြေဖို့သာ ဆုတောင်းရင်း ငယ်ဆိုတဲ့ အသံလေးကြားရဖို့ကိုသာရင်ခုန်စွာနှင့်စောင့်နေမိသည်။
ခရီးကဝေးလှတာကြောင့် ဒီညတောင်ရောက်ဖြစ်မလားမသေချာပေမယ့်
စောင့်နေဖို့က မိန်းငယ် တာဝန်ပင်ဖြစ်သည်။အစ်ကိုပေးမဲ့လက်ဆောင်တွေထက်
ငယ် ကအစ်ကို့ကိုပိုမက်မောပါတယ်။"Ring Ring... "
ဖုန်းနံပါတ်စိမ်းတစ်ခုမလို့ ကိုင်လိုက်ဖို့ အနည်းငယ်တုန့်ဆိုင်းပြီးတော့မှ
အစ်ကို့များဖြစ်နေရင်ဆိုသည့် အတွေးနဲ့ ကျခါနီးစဲစဲမှကိုင်လိုက်သည်။"ဟယ်လို...Happybirthday ပါ ငယ် "
မိန်းငယ်ဘက်က စပြောမလို့ ဟန်ပြင်နေစဥ် ဦးအောင်ပြောလာတဲ့မွေးနေ့ဆုတောင်းစကားလေး။ငယ်မျက်ရည်ကျမိသည်က ဆုတောင်းစကားကြောင့်လား အစ်ကို့အသံကြောင့်လားဆိုတာတော့ မသိ ငယ်က ငိုချင်နေပြီ။မဟုတ် ငိုနေပြီ။
"ကိုကို့...အဟင့်..ဟင့် "
"ရော...မငိုပါနဲ့ ကလေးရယ် ကိုကို ပြန်လာနေပြီနော်...ကိုကို ငယ့်ဆီပြန်လာနေပြီ
မငိုပါနဲ့ ငယ့်မျက်လုံးလေးတွေ နာကုန်မှာပေါ့ ကွာ...နော် ငယ် လိမ္မာပါတယ် ကိုကို့ရဲ့ငယ်လေးက မငိုနဲ့ မငိုနဲ့ "အနားမှာမရှိတာတောင် ရသလောက်ချော့နေရှာတဲ့ ချစ်ရသူကြောင့် မိန်းငယ်
ဆက်မငိုမိအောင် မနည်း ထိန်းထားရသည်။ချော့လေ ငိုချင်လေဖြစ်နေတဲ့
စိတ်ကြောင့် စကားတောင်ပြောလို့မရ။ပြောလိုက်တာနှင့် ထပ်ငိုချမိမည်။
(12.3)
Start from the beginning