*Ring Ring...*

အစ်ကို့အတွက်သီးသန့်ထည့်ထားတဲ့
ဖုန်းမြည်သံလေးကြောင့်
မိန်းမိန်းငယ် အခန်းထဲကို အမြန်ပြေးဝင်လိုက်ရ၏။

ထိုအခိုက်အတန်မှာနွေးထွေးမူဆိုတာလေးကလေ
ကပ်ပါလာခဲ့သည်။

မျက်နှာပြင်ပေါ်က ကိုကို့ဆိုတဲ့ ရိုးရိုးရှင်းရှင်း
စာတန်းလေးကတောင် မိန်းမိန်းငယ်ကို
တစ်နေ့တာအတွက် အားဖြစ်စေသည်ဆိုမှတော့
အသံလေးကြားရရင်မည်မျှအထိ အားရှိသွားမလဲဆိုတာ
ကိုယ်တိုင်သာသိသည်။ဟုတ်သည်။
  အစ်ကိုသည် သူမအပေါ်ဤမျှအထိ စိုးမိုးထားပါ၏။

"ကိုကို့ "

"ဗျာ...လွမ်းလိုက်တာငယ်ရယ်
ငယ်မရှိတဲ့အရပ်မှာ ကိုကိုမနေတတ်လိုက်တာ
အခုတောင် ပြန်လာချင်တယ် "

"ငယ်လည်း လွမ်းတာပါပဲ...
ကိုကိုအဆင်ပြေအောင်နေနော်..."

"ကိုကိုအဆင်ပြေပါတယ်ဗျ...
ဒီကိုရောက်ကတည်းက စီစဥ်စရာရှိတာတွေစီစဥ်
သွားရမဲ့နေရာတွေကို လူခွဲကြနဲ့
အခုမှအားလို့ ဖုန်းဆက်လိုက်တာ
နည်းနည်းနောက်ကျသွားတယ် တောင်းပန်ပါတယ်..."

ဖုန်းကတစ်ဆင့်ကြားနေရတဲ့
အစ်ကို့အသံက ပင်ပန်းနေပုံရသည်။
အဲ့ဒီကြားကပင် ကိုယ့်ကိုဖုန်းဆက်ဖို့
နောက်ကျသွားလို့ တောင်းပန်နေရှာတဲ့
သူကို အပြစ်မမြင်ရက်ပါ။

အဲ့ဒီအစား သူ့စကားကိုနားထောင်ပြီး
အစ်ကို့ကိုအားပေးရမည်။
ဆရာဝန်လည်းလူပဲမဟုတ်လား...။ဘယ်လိုပဲ
စိတ်ဓာတ်မာတယ်ပြောပြော
လူကအားနည်းတတ်သေးသည်။

"ကိုကိုကလည်း မတောင်းပန်ပါနဲ့ 
ငယ်နားလည်ပါတယ် အလုပ်ကိုသာ
စိတ်နှစ်ထားနော် ငယ့်ကိုက
တကယ်အားပြီးဆိုတော့မှ ဖုန်းဆက်လို့ရတယ်
ပြီးတော့အဲ့မှာမီးမရဘူးမလား...
နေ့တိုင်းဖုန်းမဆက်လည်းရတယ်
ကိုယ့်ကိုကိုယ်ပဲဂရုစိုက်
ဟုတ်ပြီလား...Fighting ကိုကို "

"ကိုကို့ ကလေးလေးပြောတာနဲ့တင်
အားရှိပါပြီကွာ...မနက်စာသွားစားတော့နော်
အခုမှထတာမလား "

ကြည့်!အစ်ကိုက အဲ့လိုလူမျိုးပါဆို
လူကသာ အနားမှာမရှိတာ
ငယ်လုပ်သမျှအကုန် သိတယ်။
CCTVမှာခိုးတပ်ထားလား ဆိုပြီး
တစ်ခါတစ်လေ ကိုယ့်အခန်းကိုယ်တောင်
လှည့်ပတ် ရှာကြည့်ရသေးသည်။

ကိုကို့ရဲ့ငယ်...✨Where stories live. Discover now