"ငယ့်ကို ကြည့်ပါဦးဆို "
မူပိုနေတဲ့ ဘုန်းထက်ရှိန်မျက်နှာကို ပါးကနေလက်နှစ်ဖက် နှင့်အုပ်ကိုင်ပြီး
ငယ့်နဲ့မျက်နှာချင်းဆိုင်ခိုင်းလေသည်။သို့သော် အကြည့်တွေက ငယ့်စီမှာမရှိ
တစ်ခြားဘက်ကိုလွဲ ထားသည်။"ဘာပြောမလို့လဲ "
ထိုမျှသာ ဖြေပြီး အစ်ကိုက ငယ့်ကိုလုံးဝကိုပြန်မကြည့်လာတော့။
ကဲလေ ကလေးဆိုးကြီးကိုချော့မဲ့ နည်းတွေက ငယ့်ဆီမှာ ပေါပါတယ်။
ဒီလူကြီးဟန်ဆောင်နေလို့သာ ဒီလောက်ထိ ခံနေတာ။တကယ်စိတ်ဆိုးရင်
မိန်းမိန်းငယ်လက်မောင်းလေးဖက်ပြီး ကိုကိုခေါ်တာနဲ့တင်အရည်ပျော်ကျနေပြီ။"ကိုကိုကအားလပ်ရက်လေးကို ဒီလိုပဲစကားမပြောပဲနဲ့ ကုန်ဆုံးလိုက်တော့မှာလား
ပြော...""....."
"ကိုကိုလို့...ငယ်က မွမွပေးမယ်လေ "
အဲ့ခါကြ မသိမသာနဲ့ လူကိုမျက်လုံးလှန် ကြည့်လာသည်။တကယ်ပါ လူလည်ကြီး။
"မွ "
"မွ "
"မွ"
နူတ်ခမ်းလေးမှလွဲ၍ အစ်ကိုမျက်နှာတစ်ခုလုံးနှံနေအောင် ကလေးလေးတွေနမ်းသလို နမ်းနေတော့
အစ်ကိုက မျက်လုံးလေးတွေမှိတ်ပြီး
ပြုံးလာတော့တာ။လူကြီးတွေမရှိတုန်းမလို့ ဒီလိုလုပ်ရဲတာ။
လူကြီးတွေရှိနေရင်မိန်းမိန်းငယ်တို့ကလက်တောင်
ပေးကိုင်တာမဟုတ်ပါ။"စိတ်ဆိုးနေတုန်းပဲလား "
ရေစိုသေးနေတဲ့ အစ်ကို့ဆံပင်လေးတွေကို သပ်တင်ပြီး နဖူးလေးကို ခပ်ဖွဖွနမ်းရင်ပြောတော့...အစ်ကိုက သူ့မျက်နှာကိုအုပ်ကိုင်ထားတဲ့ ငယ့်လက်လေးတွေကို ဆွဲခွာ၍ လက်နှစ်ဖက်နှင့်ပြန်ဆုတ်ကိုင်သည်။
"အွန်းးနည်းနည်းဆိုးနေသေးတယ်...အဲ့ဒါကြောင့်
နည်းနည်းလေးထပ်ပြီး..."တစ်ယောက်ထွက်သက်ဝင်သက်ကို ခံစားမိသည့်အထိ မျက်နှာနှစ်ခုကနီးကပ်လာတော့ ငယ် ပါးလေးတွေ နီရဲလာသည်။
ရင်ခုန်သံ တဒုန်းဒုန်းက အစ်ကိုကြားသွားမှာတောင် ဆိုးတဲ့အထိ ကိုခုန်နေတော့တာ။မျက်လုံးမှိတ်ထားပေမယ့် ခံစားလို့ရနေသည့် အသက်ရှူသံ။
အစ်ကိုက နဖူးလေးကို ခပ်ဖွဖွနမ်းသည်။ပြီးနောက် တစ်ဆင့်ချင်းလိုက်ကြည့်နေရာကနေ နောက်ဆုံးပန်းတိုင်က ငယ့်နူတ်ခမ်းလေးတွေ...။စိုအိပြီး ပန်းနုရောင်သမ်းနေတဲ့ နူတ်ခမ်းလေးတွေကိုကြည့်ကာ ဘုန်းထက်ရှိန် ရေဆာလာသလိုလိုပင်။
အကြည့်လွဲရန်ကြံပေမယ့် လျင်မြန်လှတဲ့လက်က မနာခံစွာပင် ငယ့်အောက်နူတ်ခမ်းလေးကို ခပ်ဖွဖွဖိပွတ်ရင်း...။
ငယ့် ဘဝတစ်ခုလုံး ပုံအပ်ချင်မိတဲ့လူသားက ကိုကို
Start from the beginning