သီဟ သဘောပေါက်လိုက်တာကြောင့် ဝိုင်တစ်ခွက်ကိုသာယူပြီး ထွဋ်ခေါင်အား ပေးလိုက်သည်။ alcohol ဆို ပြင်းတာတွေပါ သောက်တတ်နေသောသူက ဝိုင်လောက်ကိုတော့ ဖြုံမည်မဟုတ်။

" မင်း ငါ့လက်ကိုလွှတ်လို့ရပြီထင်တယ် "

" မလွှတ်ဘူး အိမ်ပြန်ရောက်တဲ့အထိ ဒီတိုင်းပဲနေ "

" မင်း! "

လူတွေများနေတာမို့ ဒီထက်ပိုမပြောချင်။ အောင့်သက်သက်နဲ့သာနေလိုက်ရသည်။

" အစ်ကိုမြတ်ထွဋ်ခေါင် " ဆိုတဲ့ မိန်းကလေးတစ်ယောက်ရဲ့ခေါ်သံကြောင့် နှစ်ယောက်လုံး လှည့်ကြည့်မိသည်။

" ညီမကို သိရဲ့လား "

" ........ "

" ဟို ညီမက HO ဆိုတဲ့ Company ကပါ "

" Sorry အစ်ကို မသိဘူး "

ဟန်ပင်မဆောင် ဆတ်ခနဲပြောလိုက်တဲ့စကားကြောင့် သီဟတစ်ယောက်ရီချင်နေမိသည်။ အစ်ကို့ရဲ့အကျင့်က ဒီလိုပါပဲ။ မသိတဲ့သူတွေအဖို့ ရှိန်ချင်စရာကောင်းလှသည်။

" မသိလည်းကိစမရှိပါဘူး အခုသိသွားပြီဆိုတော့ ညီမကိုမှတ်ထားပေးပါဉီး "

" မမှတ်ထားဘူး "

" ရှင် "

" အော် အစ်ကိုက အများကြီးမမှတ်နိုင်ဘူးလေ အဲ့တာကိုပြောတာ "

" အော် ဟုတ်ကဲ့ "

" ဒါနဲ့ ညီမလေးလည်း တခါတည်းမှတ်သွားပါဉီး ဒါအစ်ကို့ရဲ့ခင်ပွန်း " ဆိုကာ လက်ချင်းယှက်ဆုပ်ကိုင်ထားတဲ့လက်ကို မြှောက်ပြနေသည်။ အစ်ကိုက မထင်ရင်မထင်သလို လုပ်တတ်သေးသည်ပဲ။

" အော် ဟုတ်..ဟုတ်ကဲ့ "
ကောင်မလေးကလည်း မျက်နှာပျက်ကာ ထိုနေရာမှထွက်သွားသည်။ ထိုအခါမှ သီဟလည်းရီတော့သည်။

" မင်း ပါးစပ်ပိတ်ထား သီဟမင်းထင်! "

" ခင်ဗျား ခုနက ဘာလုပ်လိုက်တာလဲ "

" မင်းမျက်လုံးကန်းနေလား "

" မျက်လုံးက အကောင်းကြီး၊ ခင်ဗျားဘာလုပ်လိုက်လဲနားမလည်လို့ "

" ငါ့မှာ ပိုင်ထားတဲ့သူရှိကြောင်းပြတာ ရှင်းပြီလား "

" ပြောတော့ ကွာရှင်းမှာဆို "

မောင့်မူပိုင် (Completed) Where stories live. Discover now