သို့သော် ဟန်ဝေသည် သူ့ကို ပြန်မဖြေနိုင်ခဲ့ပေ.....ဘာလို့လဲဆိုတော့ ဆုနို ရုတ်တရက်ကြီး.....သတိလစ်သွားလို့ပဲ!
သူ့ခေါင်းက စားပွဲနဲ့ဆောင့်သွားကာ ကြည့်ရသည်မှာ အလွန်ပင် ထိတ်လန့်စရာ​ကောင်းလွန်းသည်။

ဟန်ဝေသည်လည်းပဲ လုံးဝကိုထိတ်လန့်သွားလေသည်။ သူ တစ်ယောက်ယောက်ကို ဖုန်းနဲ့စကားပြောနေသေးတာကို​တောင် သူဂရုမစိုက်နိုင်​တော့ပေ။ သူဖုန်းချလိုက်ပြီးတာနဲ့ ဆုနိုကို ချက်ချင်းပွေ့ချီလိုက်သည်။

"နိုနို!"

ဆု​ရှောင်းနို၏မျက်လုံးများသည် တင်းကျပ်စွာပိတ်ထားနေပြီး သူ တကယ်ကိုသတိလစ်သွားပုံရသည်။
ဒါပေမယ့် တကယ်တမ်းတော့ သူ မေ့လဲချင်​ယောင်​ဆောင်လိုက်တာပဲ!

အကြောင်းကတော့ သူ့အစ်ကိုကြီးကို ဆက်စကားပြောခွင့်ပြုလိုက်ရင် သူ့ရဲ့ ခန့်ညားတဲ့လူကြီး ကြောက်သွားလိမ့်မယ်။ ဒါကြောင့် သူ့အာရုံကို လှည့်​ပေးလိုက်တာပဲ! သတိလစ်လိုက်တယ်ဆိုတာမျိုးက နည်းနည်းတော့ ကြောင်​တောင်​တောင်နိုင်တယ် ဆို​ပေမယ့်လည်း ဒီလိုစိတ်ပျက်စရာကောင်းတဲ့အခြေအနေမှာ ဒီထက်ပိုကောင်းတဲ့ရွေးချယ်စရာ မရှိ​တော့ဘူးလေ။ ဒါကြောင့် သူ ယာယီနည်းလမ်းတို အဖြစ် သုံးလိုက်တာပဲ!

ရုပ်ရှင်နှစ်ကား၊ သုံးကားရိုက်ပြီးနောက် ရုပ်ရှင်ဧကရာဇ်ဆုနို၏သရုပ်ဆောင်မှုသည် အခြေခံအားဖြင့် ကျွမ်းကျင်လာ​တော့သည်။ အနည်းဆုံးတော့ သူ့အစ်ကိုကြီးက တကယ်ကို အံ့သြသွားပုံရသည်။

မိသားစုဆရာဝန်က စစ်ဆေးပေးပြီးသည့်​နောက် လူနာမှာ ပြသနာမရှိဘူးလို့​တွေးရင်း ဟန်ဝေနဲ့ခဏလောက်စကားပြောပြီးတဲ့နောက် သူ နိဂုံးချုပ်အနေနဲ့ ပြောလိုက်သည်။ “ မင်းညီငယ်​​လေးက တစ်ခုခုကြောင့်ထိတ်လန့်သွားပုံရတယ်။ သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာကလည်း အားနည်းလွန်းတယ်။ ဒါကြောင့် နောက်တစ်ကြိမ်မင်းသူနဲ့စကားပြောတဲ့အခါ ကြမ်းတမ်း​တဲ့စကားတွေကို မ​ပြောမိဖို့သတိထားပါ။ ”

"........."

ဟန်ဝေသည် ရယ်ရမည်လား၊ ငိုရမည်လားမသိတော့ပေ။

ဖက်ရှင်ကျသည့် မစ္စတာ ||မြန်မာဘာသာပြန်||Where stories live. Discover now