ကြောက်စရာကောင်းတဲ့အခြေအနေတစ်ခုမှာ အေးအေးဆေးဆေးလုပ်နိုင်တဲ့ယောက်ျားတွေကမှ တကယ့်ယောက်ျားစစ်တွေပဲ!ငါ့ကိုယ်ငါ ကျောလေးပုတ်​ပေးလိုက်မယ်!

"မင်းဘာလို့ အခုထိအိမ်မပြန်သေးတာလဲ?" ဟန်ဝေသည် တည်ငြိမ်ဖို့အတွက် ကြိုးစားလိုက်ရသည်။

"ကျွန်တော် ခဏနေအိမ်ပြန်ရောက်မယ်" ဆုနိုက​တော့ တွန့်ဆုတ်ခြင်း၊ အထစ်အငေါ့မရှိ။

"မင်း ဘာလို့ဒီလောက်ကြာနေရတာလဲ?" ဟန်ဝေက မေးခွန်းများကို ဆက်လက်တူးဆွနေ၏။

“ကျွန်တော် ကော်ဖီဆိုင်တစ်ခုမှာထိုင်​နေတာ။ ဒီဆိုင်က အရမ်းကောင်းတယ်! "ဆုနိုဆီမှာ လိမ်​ပြောဖို့စကား​တွေက အဆင်သင့်ရှိ​နေသည်။

"ဘယ်တစ်ဆိုင်လဲ? မင်းကိုလာခေါ်မယ်" ဟန်ဝေ ပြောလိုက်သည်။

ဖာ့ခ်! အစ်ကိုကြီးက ဘာလို့ကျွန်တော်ကိုလာခေါ်ချင်ရတာလဲ? လာ​ခေါ်​​ပေးဖို့မလိုပါဘူး!

ဆုနို၏ခန္ဓာကိုယ်လေးသည် တုန်ခါသွားပြီး “ မလာနဲ့။ အဆင်ပြေတယ်။ ကျွန်တော် ခဏနေပြန်လာခဲ့မယ် " ဆုနို ဒီအချိန်မှာ မထိတ်လန့်ဘဲ မနေနိုင်ပေ။

"မင်းနာရီဝက်အတွင်း အိမ်ပြန်လာရမယ်၊ အစ်ကိုကြီး မင်းကို စကားပြောစရာရှိတယ်" ဟန်ဝေ အမိန့်ပေးလိုက်သည်။

".....ဘာဖြစ်လို့လဲ?" ဆုနို အေးခဲသွားသည်။

ဖုန်း၏အဆုံးတွင် မြည်သံတစ်ခုသာရှိခဲ့ပြီး ဟန်​ဝေက ဖုန်းချပစ်လိုက်သည်။

ဘာလို့ ဒီ​လောက်တောင် ဟိတ်ဟန်ကြီးနေရတာလဲ? ဆုနို ညည်းညူလိုက်သည်။ မာဖီးယားတွေများ..!!

ငါ အိမ်ပြန်ဖို့နာရီဝက်ပဲ အချိန်ရတော့တယ်ဆို​တော့ ဒီမှာ စားသွားလို့ မရ​တော့ဘူး! သနားစရာပဲ!

"ကိုယ် ပြန်ရောက်ပြီ။" မစ္စတာဒါရိုက်တာသည် အစားအသောက်တွေကို အမြန်ဝယ်လာခဲ့သည်။ ဖျော်ရည်နှင့်အသားညှပ်ပေါင်မုန့်​တွေအပြင် သူသည် hazelnut hot chocolate တစ်ပုလင်းလည်း ဝယ်လာခဲ့​သေးသည်။

“တစ်ဝက်လောက်ပဲစား။ ညစာအတွက် မင်းဗိုက်နေရာချန်ထားဖို့ လိုသေးတယ် " အိုးရန်လုံက သူ့ကို အပူပေးထားတဲ့အသားညှပ်ပေါင်မုန့်ကို ပေးလိုက်သည်။

ဖက်ရှင်ကျသည့် မစ္စတာ ||မြန်မာဘာသာပြန်||Where stories live. Discover now