အိုးရန်လုံသည်လည်း တကယ်ကိုအကူအညီမဲ့ပြီးနှလုံးသားလေး နာကျင်သွားခဲ့ရသည်။ ဒီလို အရူး​လေးနဲ့ ရည်းစားဖြစ်ရတာ အလယ်တန်း​ကျောင်းသား​​လေး​တွေ စော​စောစီးစီး ရည်းစားထားတာနဲ့ ဘာလို့များ တူ​နေရတာလဲ?ကိုယ်တို့​တွေက မိဘ​တွေ တွေ့သွားမှာကို​တောင် ကြောက်​နေရတယ်!

"သရက်သီး ဖျော်ရည်သောက်လို့ရမလား?" ဆုနို ခြောက်သွေ့နေသည့် အသံဖြင့် မေးလိုက်သည်။

"ကိုယ် စူပါမားကတ်ကိုသွားပြီး မင်းအတွက်ဝယ်လာခဲ့​ပေးမယ်" အခန်းဝန်ဆောင်မှုက အလွန်နှေးကွေးတာမို့ မစ္စတာဒါရိုက်တာက ထပ်မ​စောင့်ချင်​တော့ပေ။

“ငါးမိနစ်အတွင်း ကိုယ်ပြန်လာခဲ့မယ်”

“အင်း....ဒါဆို အစိမ်းရောင်အထုပ်နဲ့ အသားညှပ်ပေါင်မုန့်တစ်ခုကိုလည်း ဝယ်လာခဲ့​ပေး ” ဆုနိုသည် ဟော့ဒေါ့ကိုပါ အမှန်တကယ်ထပ်မှာချင်သော်လည်း.. ဒါပေမယ့် သူတို့က အခု​မှ ပြန်တွေ့ရ​​တာကြောင့် သူ့ကိုယ်သူ အားနည်းချင်ယောင်ဆောင်သင့်သည်။ ဒါကြောင့်မို့ သူ ဒါကိုသည်းခံဖို့ သူ့ကိုယ်သူ ဖိအားပေးခဲ့သည်။

အိုးရန်လုံက သူ့ခေါင်းလေးကို ပုတ်​ပေးလိုက်ပြီး တံခါးမှထွက်သွားလိုက်သည်။သူ့ရဲ့ ကြင်နာမှုသည် ချစ်ခြင်းမေတ္တာတရားတို့နှင့် ပြည့်ဝနေသည်။ ဆုနို သူ့ခါးသေးသေးလေးကိုပွတ်သပ်ရင်း ကုတင်ပေါ်မှာလှဲချလိုက်ပြီး သူ့နှလုံးသားထဲမှာလည်း သူ့ရဲ့လူကြီးက လူကြီးလူ​ကောင်းဆန်လွန်းတယ်ဆိုပြီး ချီးကျူးနေ၏။ အကယ်၍ မစ္စတာဒါရိုက်တာက သူ့အစ်ကိုကြီးကို တိုက်ခိုက်ဖို့ ဖြစ်လာခဲ့ရင် သူက သူ့ကိုအနိုင်ရအောင်လုပ်ပေးရမယ်။ ဒါပေမယ့် ငါ့အစ်ကိုကြီးရှုံးသွားပြန်ရင်လည်း အရမ်းပျော်မိမှာမဟုတ်ဘူး!

ဝိ​ရောဓိဖြစ်​နေရပြီ!

ဆုနိုသည် သူ့အစ်ကိုကြီးနဲ့ မစ္စတာဒါရိုက်တာတို့ အဆင်​ပြေနိုင်ဖို့ ဖြစ်နိုင်ချေရှိမရှိကိုတွက်ချက်နေချိန်မှာပဲ သူ့ဖုန်းက ရုတ်တရက်မြည်လာသည်။

ဒါ အစ်ကိုကြီးပဲဖြစ်ရမယ်!

"ဟဲလို.....ကျွန်တော် ပြန်လာ​တော့မယ်။ ကော်ဖီဆိုင်မှာထိုင်ပြီး ဒဿနိကဗေဒသမိုင်းကိုတောင် ဖတ်လို့ပြီးသွားပြီ။ အခုချက်ချင်း လမ်း​ပေါ်​တောင်​ရောက်​နေပြီ" ဆုနိုသည် တည်ငြိမ်စွာဖြင့် ဖုန်းမကိုင်ခင်မှာ အံ့သြဖွယ်ကောင်းတဲ့အဆိုတော်တစ်ဦးအ​နေဖြင့် သူ့ရဲ့အက်ရှရှအသံကြီး မသိသာသွားစေဖို့အတွက် အစမ်း လေ့ကျင့်လိုက်​သေးသည်။

ဖက်ရှင်ကျသည့် မစ္စတာ ||မြန်မာဘာသာပြန်||Where stories live. Discover now