ထို့နောက် သူ ဒါရိုက်တာကြီး ပြောတာကို ကြားလိုက်ရ​ပြီး​နောက်......"သူက မာ​ကျောက်ရောင်းတာမဟုတ်ဘူးလား?လက်လီလုပ်ငန်း အသိုင်းအဝိုင်းက ဒီ​လောက်ကြီးတာ ကိုယ်တို့ အချင်းချင်း တနည်းမဟုတ် တနည်းနဲ့ တွေ့ဆုံကြမှာပဲ​လေ"

"........."

မာ​ကျောက်ရောင်းတာ.....ဒါရိုက်တာကြီးက တကယ်ကိုနုံလွန်းတယ်! ဆုနို ရင်ဘတ်အောင့်သွားသလိုပင် ခံစားလိုက်ရသည်။ ဒါရိုက်တာကြီးက ဒီလောက်နုံနေတာနဲ့ ဘယ်လိုလုပ်ပြီး သူ့ကို ယှဉ်နိုင်တော့မှာလဲ? အစ်ကိုကြီးက အရမ်း လှည့်ဖြားတတ်တာ!

"သက်ပြင်းမချလိုက်ပါနဲ့။ မင်းရဲ့မိသားစုဝင်တွေကို ကိုယ့်တာဝန်သာ ထားလိုက်ပါ "အိုးရန်လုံ သူ့ကိုတစ်ချက်ကြည့်လိုက်ပြီး "ကိုယ် တစ်ခုလောက်အတည်ပြုဖို့လိုသေးတယ်"

ဒီလိုမျိုး နူးညံ့သိမ်မွေ့သည့်လေသံအရ အရူးတစ်ယောက်ပင် ဘာကိုဆိုလို​တော့မည်ကို သိ​ပေမည်။ အိုးရန်လုံ မ​မေးခင်မှာပဲ ဆုနို ချက်ချင်းဖြေလိုက်သည်။ "ကျွန်တော် ဒါရိုက်တာကြီးကိုပဲ ချစ်တယ်" ခံစားချက်တွေက လူတွေကိုရူးသွပ်စေနိုင်သည်။

အိုးရန်လုံ ပြန်မဖြေသော်လည်း သူ့ရဲ့ မျက်ဝန်းတွေထဲ၌ နက်ရှိုင်းသည့်ချစ်ခြင်းမေတ္တာတို့က တွဲခို​နေသည်။

"ကျွန်တော် ချိုးကျီယန်ကို တကယ်မကြိုက်ပါဘူး" ဆုနိုသည် အိုးရန်လုံ၏ရင်ခွင်ထဲ၌ သူ့ခေါင်းကို နှစ်မြှုပ်ထားလေသည်။

"ကျွန်တော် သူ့ကိုမနာလိုဖြစ်နေတာကြောင့် သူ့ကိုသတိထားမိနေတာ။ ဒါပေမယ့် အရမ်းကြီး​တော့ မနာလိုမဖြစ်ပါဘူး။နည်းနည်းလေးပဲ မနာလိုဖြစ်တာပါ .... ဒါပေမယ့် မနာလိုတာက အဓိကမဟုတ်ဘူး .... ကျွန်​တော် သူ့ကို တကယ်မကြိုက်ရုံ​လေးပဲ!" အရေးအကြီးဆုံးအချိန်​ရောက်​နေတာကို သူ့ဦး​နှောက်က ရှုပ်ထွေးလာရတယ်လို့ ရှက်စရာကောင်းတာပဲ!!

"အဲဒါကအဓိကမဟုတ်သေးရင် အဓိကအချက်က ဘာလဲ?" အိုးရန်လုံ မေးလိုက်သည်။

အဓိက,က ဒါရိုက်တာကြီးကိုချစ်တာ​လေ!
ဆုနိုသည် ကောင်းကောင်းမွန်မွန် ဝါကျကို မဖွဲ့နိုင်တော့သဖြင့် သူ အိုးရန်လုံ၏အ​ပေါ်ကို တက်သွားပြီး နမ်းလိုက်​​တော့သည်။

ဖက်ရှင်ကျသည့် မစ္စတာ ||မြန်မာဘာသာပြန်||Where stories live. Discover now