အစ်ကိုကသံလိုက်လား ဒီလောက်ထိ ဆွဲဆောင်နေတာ

Začít od začátku
                                    

မိုးလင်းလို့ မတော်တဆများ အစ်ကို့အပြုံးလေးတွေ့ရရင် တစ်နေ့လုံး အရာရာအဆင်ပြေ​သည်။
အရင်က ဒရမ်မာတွေထဲမှာ အပြုံးလေးတွေ့ရုံနဲ့ အားတွေပြည့်တယ်ဆိုတာမျိုးကို
ငယ် ခဏခဏမေးခွန်းထုတ်ဖူးပေမယ့်...အစ်ကို့အပြုံးကအဖြေပေးပြီးနောက်ပိုင်း အမှန်တရားကိုလက်ခံလိုက်သည်။

အဲ့လိုတွေးမိကာမှ..မျက်နှာလေးပြုံးရွင်နေရာကနေ တစ်ဖြည်းဖြည်း ရုပ်လေးက ပြိုတော့တဲ့ မိုးလိုဖြစ်လာတော့သည်။ငယ် အစ်ကို့ကိုမတွေ့ရတာ တစ်ရက်တောင်ပြည့်တော့မည်။သတိရသည်...အစ်ကို့ကိုအရမ်းလွမ်းသည်။
တစ်ရက်ဆိုတာ ခဏလေးပေမယ့် အစ်ကို့ကိုမတွေ့ရရင် အချိန်တွေကနှေးကုန်သလိုပဲ...။

" ရလို့ကတော့ အစ်ကို့ကိုအိမ်မှာပဲ ဘာမှမလုပ်ပဲထိုင်နေခိုင်းပြီး ငယ်ပဲ ရှာကျွေးပစ်မယ် ဟွန့် "

"အော် မိဘကိုကြ ဘယ်ချောင်မှာသွားပစ်ထားတာတုန်း မိန်းမိန်းငယ်...အမလေးလေး နင့်အဖေကြားလိို့ကတော့ သွေးတိုးပြီး မူးတော့မှာ
...ငါတို့ကတော့ သမီးလေးတစ်ယောက်ပဲရှိလို့ အိုဇာတာကောင်းမယ်လို့မှတ်ထားကြတာ...နင်ကတော့ အသက်ကြီးနေတဲ့ မိဘတွေကိုမမြင်ဘူး ခြေကောင်းလက်ကောင်းရှိတဲ့ လူငယ်ကို လုပ်ကျွေးချင်နေတယ်...ငါနော် လက်ထဲမှာ ဘာမှမရှိလို့ ဟွန်းးဟွန်းးးး"

​ပြောချင်ရာပြောနေတဲ့ စကားကို စူပါနားပိုင်ရှင်မေမေက ကြား၍ အခန်းထဲကထွက်လာတယ်။ရိုးရိုးထွက်လာတာတော့မဟုတ်ဘူး
ပြောရင်းထွက်လာတော့...။

မိန်းငယ်တစ်ယောက်လျှာလေးထုတ် ဂုတ်လေးပုထားမိသည်...မဟုတ်ရင်
လက်ထဲမှာဘာမှမရှိပေမယ့် ရှိတဲ့လက်က အဖု ထသွားနိုင်တယ်။

"အမေကလည်း သမီးက အမေတို့ကို မလုပ်ကျွေးဘူးမပြောပါဘူး
အစ်ကိုပင်ပန်းတာကိုမကြည့်ရက်လို့ပါ "

"ငါတစ်ယောက်တည်းတစ်နေ့လုံး မီးဖိုချောင်းထဲ ဝင်နေရတာကိုကြ နင်ကပင်ပန်းတယ်လို့မမြင်ဘူးပေါ့...တော်တော်ကောင်းတဲ့သမီး မွေးရကျိုးနပ်တယ်"

"ဒါတော့ အစ်ကိုကအစ်ကို အမေတို့ကအမေတို့ တူမှမတူတာ "

"ငါနော်!... နွေးတို့ကိုပြောပြီး ဘုန်းထက်ရှိန်ကို အိမ်ထောင်ပြုခိုင်းတော့မှဖြစ်မယ်
အဲ့တာမှ နင်လည်းငြိမ်မှာ "

ကိုကို့ရဲ့ငယ်...✨Kde žijí příběhy. Začni objevovat