အမေ့ရဲ့သတိပေးမှုမတိုင်ခင်ကတည်းက သီဟမင်းထင်ပြန်ရောက်လာမှာကိုသိနှင့်ပြီးဖြစ်သည်။ တွေးကြည့်စရာပင်မလို အိမ်ကအလုပ်သမားတွေအလုပ်ရှုပ်နေကြလောက်ပြီ။ လူ့ဂွစာကို ကြောက်လိုက်ကြတာများ

အတွေးတွေနဲ့ကျင်လည်နေတုန်း ဖုန်းသံကိုထပ်ကြားလိုက်တာကြောင့် ကြည့်လိုက်တော့ အိမ်တော်ထိန်း ဉီးမြင့်ဝင်းစီက ဖြစ်နေသည်။

" သခင်လေး မနက်စာစားဖို့အဆင်သင့်ဖြစ်ပါပြီ " ဆိုတဲ့စကားကြောင့် ဖုန်းကိုချကာ အိပ်ရာကနေထလိုက်သည်။ ဖဲသားညအိပ်ဝတ်စုံအနီရောင်နဲ့ ဖြူဖွေးနေတဲ့ အသားအရေကြောင့် မြတ်ထွဋ်ခေါင်ရဲ့ပုံရိပ်ဟာ ထင်းနေသည်။

အရပ်အားဖြင့် ယောက်ျားတစ်ယောက်ရှိသင့်တဲ့အရပ်ပေမို့ အရပ်မြင့်သည်ဟုပြော၍ရသည်။ တနည်း သီဟမင်းထင်ရဲ့အရပ်နဲ့မတိမ်းမယိမ်းသာဖြစ်သည်။

မျက်နှာသစ်ပြီးနောက် အိမ်အောက်ထပ်ကိုဆင်းပြီး ထမင်းစားခန်းထဲဝင်လိုက်တော့ မနက်စာစားဖို့ ခင်းကျင်းထားမှုက အဆင်သင့်။ ခုံမှာဝင်ထိုင်လိုက်တော့ ဘေးမှာ ကော်ဖီအား အလိုက်သင့်လာထည့်ပေးသည်။

စားနေတုန်းမှာပဲ

" သခင်လေးသီဟ ပြန်ရောက်လာပါပြီ " ဆိုတဲ့ အသံကိုကြားလိုက်ရသည်။ တစ်ဆက်တည်းမှာပဲ ရှပ်အကျီကြယ်သီးကို ရင်ညွှန့်လောက်ထိဖြုတ်ထားကာ Style Pant ကို Smart ကျကျဝတ်ထားတဲ့သူတစ်ယောက် စားပွဲဝိုင်းမှာလာထိုင်သည်။

အိမ်စေတစ်ယောက်လာထည့်ပေးသော ကော်ဖီကို မော့သောက်ပြီးဘာစကားမှမပြောဖြစ်ပေ။ ပြောစရာမရှိတာကပိုမှန်လောက်မည်။

" ဘယ်သွားစရာရှိလဲ "

သြရှရှနဲ့မေးလာတဲ့အသံကြောင့် ခေါင်းကိုခါရမ်းပြလိုက်သည်။ အသက်ငယ်သော်ငြားလည်း သြဇာအာဏာကအပြည့်ဖြစ်သည်။ ရှင်းလင်းပြတ်သားလွန်းတဲ့အသံကြောင့် လူရှိန်ကြတာလည်းဖြစ်လောက်သည်။

" ပြောစရာရှိသလား "

" မရှိဘူး "

" သေချာလား မြတ်ထွဋ်ခေါင် "

နာမည်အရင်းအတိုင်းခေါ်လာတာကြောင့် စားနေလက်စကိုရပ်ကာ မော့ကြည့်လာသည်။

မောင့်မူပိုင် (Completed) Where stories live. Discover now