အပိုင်း ၃

Start from the beginning
                                    

"ရတယ်...ဒီလို လွတ်လွတ်လပ်လပ် နေရတာကြိုက်တယ်"

"မပြောင်းလဲဘူးပဲ"

"ဟင်...ဘာပြောတာ "

ကျွန်တော့်ဘေးမှာ ဒူးကိုလက်နှစ်ဖက်ဖြင့်ပိုက်ပြီး ထိုင်သည်။ သူက စကားတစ်ခွန်းမှ မဆိုသေး။ရီဝေသော သူ့မျက်လုံးတွေက ကျွန်တော့်ကို ခပ်ကြာကြာငေးကြည့်နေခဲ့သည်။လေတစ်ချက်တိုက်သွားသောအခါ ကျွန်တော့်နဖူးပေါ်က ဆံပင်လေးတွေအခွေလိုက် ပုံကျလာသည်။သူ့လက်တွေ လှုပ်ရှားလာသည်။

"ဆော့ဂျင်ရယ်.."

ကျွန်တော့်နာမည်ကို ခပ်တိုးတိုးငြီးကာ နဖူးပေါ်က ဆံပင်တွေကို တယုတယသပ်ပေးသည်။နူးညံ့နွေးထွေးသော သူ့အပြုအမူတွေမှာ ကျွန်တော်ခဏနစ်မြောသွားပြီထင်ပါရဲ့။တကယ်ဆို ကျွန်တော့်ဆံပင်တွေကို တခြားတစ်ဥ​ီးတစ်ယောက်ကိုင်တာ မနှစ်မြို့ပါ။မေမေကလွဲရင်ပေါ့။

မေမေ့အပြင် နောက်ထပ်တစ်ဦးတစ်ယောက် တိုးလာခဲ့ပါသည်။သူ့လက်အထိအတွေ့က ကျွန်တော့်နဖူးပေါ်မှတဆင့် ခေါင်းပေါ်သို့ရောက်သွားကာ ခပ်ဖွဖွလေး ပုတ်ပေးနေသည်။အိပ်မပျော်သည့် ကလေးတစ်ယောက်ကို ချော့သိပ်နေသလိုမျိုး။ကျွန်တော်မျက်လုံးတွေ မှိတ်ထားလိုက်သည်။

"အိပ်ချင်တယ်.."

"ကိုယ့်ပခုံးပေါ်မှာ အိပ်လေ"

ကျွန်တော်ဘယ်လိုမှ ထိန်းချုပ်မရနိုင်တော့။လေးလံနေသည့် မျက်ခံွတွေကို မတွန်းလှန်နိုင်တော့ပါ။သူက ကျွန်တော့်နားထင်ကနေ ဖွဖွကိုင်ကာ သူ့ပခုံးကျယ်တွေပေါ်မှီစေသည်။

သူစိမ်းယောက်ျားတစ်ယောက်ကို ကျွန်တော်ဘာကြောင့် ဒီလောက်ထိရင်းနှီးခွင့်ပေးလိုက်မိပါလိမ့်။သူသာ လူကောင်းတစ်ယောက်မဟုတ်ခဲ့ရင် ကျွန်တော့်အသက်အန္တရာယ်ပင်စိုးရိမ်ရလောက်သည်။

သူက ဘယ်တော့မှ ဒုက္ခပေးမည်မဟုတ်ကြောင်း ကျွန်တော်ယုံကြည်သည်။

"စိတ်ချလက်ချ အိပ်လိုက်ပါ။တစ်နေ့ကျရင် ကိုယ် မင်းကိ​ု အကုန်ပြောပြမှာပါ"

သူ့အသံက ကျွန်တော့်နားထဲ တဖြည်းဖြည်း ဝေးကွာလာသည်။တိုးလျလာသည်။ကျွန်တော့်ခန္ဓာကိုယ်က အသိကပ်မနေတော့။ပိုးပဝါစလေးလို လွင့်မျောနေခဲ့သည်။

UNDER THE CHERRY || JINKOOK ✓Where stories live. Discover now