"ခင်ဗျား ဘာလို့ ဒီလောက်နောက်ကျနေတာလဲ?" မုချိုးသည် မနက်မိုးလင်းခါနီးမှ အိမ်ပြန်ရောက်လာတာ​ကြောင့် ကျုံးလီဖုန်းပိုင်တစ်​ယောက် အေးစက်စွာ မေးခွန်းတွေ ထုတ်​မေးလိုက်သည်။
"ခင်ဗျား ဘယ်​တွေ ရောက်​နေတာလဲ?"

မုချိုးရဲ့စိတ်ထဲမှာ တကယ်ကို ခံစားလို့ကောင်းတယ်လို့တွေးမိသည်။ သူ ဘယ်​တွေရောက်ခဲ့တယ်ဆိုတာကို အခုလို အပြန်အလှန်စစ်ဆေးတာမျိုးတွေက အရမ်းကြည်နူးဖို့ကောင်းသည်။

"ခင်ဗျားကိုမေးနေတယ်လေ!" ကျုံးလီဖုန်းပိုင် ဒေါသတကြီးပြုံးပြီး ပိတ်ရပ်လိုက်သည်။

"ကိုယ် အိုးရန်လုံရဲ့အိမ်ကို ရောက်ခဲ့တာ။ ပြီးတော့ သူကလည်း လွန်ခဲ့တဲ့ တစ်နာရီလောက်က အီတလီကိုထွက်သွားပြီ " မုချိုး ပြောလိုက်သည်။

"သူ နိုနိုကိုရှာဖို့သွားတာလား?" ကျုံးလီဖုန်းပိုင်သည် အံ့သြတုန်လှုပ်သွားသည့် အမူအရာဖြင့်မေးလိုက်သည်။

"ဟုတ်တယ် ” မုချိုး သူ့လက်ထဲရှိဈေးဝယ်အိတ်ကို စားပွဲပေါ်တင်လိုက်ပြီး ဆက်ပြောလိုက်သည်။ "ဆုနိုက သူ့ကိုဖုန်းခေါ်ပြီး ပြန်လာချင်တယ်လို့ပြောလိုက်ပုံရတယ်"

ကျုံးလီဖုန်းပိုင် ရင်ထဲထိသွားရသည်။

ညဥ့်နက်အခါဝယ်!

ခုန်လှုပ်​နေတဲ့ နှလုံးသားကို ထိန်းထားရင်း!

တိတ်ဆိတ်ငြိမ်သက်​နေတဲ့ ပင်လယ်ကိုဖြတ်!

သူ့ဘဝရဲ့!

မီးအိမ်ရှင်ကို!

ရှာ​​ဖွေဖွယ်!

ရင်ထဲထိစရာ!

ဇာတ်လမ်းပေါ့!

"ကိုယ် မင်းအတွက် အသီးဆေးပေးမယ်" မုချိုးသည် အိတ်တွေကို ယူပြီး မီးဖိုချောင်ထဲသို့ ဝင်သွားလိုက်သည်။ ကျုံးလီဖုန်းပိုင်ရဲ့ စိတ်ကူးယဉ်အိပ်မက်တွေကို အ​​နှောင့်အယှက်ခံလိုက်ရတာမို့ သူအရမ်း စိတ်ဆင်းရဲသွားသည်။

ငါ ဘာကြောင့်များ ဒီကမ္ဘာပေါ်မှာ ဒီလို မယဉ်ကျေးတဲ့လူနဲ့နေချင်ရတာလဲ!

"လာစားလို့ရပြီ!" မုချိုးသည် ဧည့်ခန်းမှ ခေါ်လိုက်သည်။
ကျုံးလီဖုန်းပိုင် ဖိနပ်တစ်ရံစီးကာ ဧည့်ခန်းထဲသို့ သွားလိုက်သည်။

ဖက်ရှင်ကျသည့် မစ္စတာ ||မြန်မာဘာသာပြန်||Where stories live. Discover now