(11)

3.3K 150 14
                                    

(Unicode)

အချိန်ကာလအားဖြင့် 3နှစ်ကြာမြင့်ခဲ့ပြီ ရှောင်းကျန့် အရိပ်ကောင်းလှတဲ့ ကုက္ကိုလ်ပင်တစ်ပင်အောက်မှာ ပန်းစည်းလေးနဲ့အတူ မတ်တပ်ရပ်နေတယ် တစ်နည်းအားဖြင့် အဖြူရောင်အုတ်ဂူလေးရှေ့မှာပေါ့

'ခလေးလေး ဦးတောင်းပန်ပါတယ်နော် ဦးကိုစိတ်မဆိုးပါနဲ့ ဦးလည်းမတတ်သာခဲ့လိုပါ ဦးမရည်ရွယ်ခဲ့ဘူး ဦးကိုမမုန်းဖို့မျှော်လင့်ပါတယ်'

ရှောင်းကျန့်မိမိကိုလက်တွဲထားတဲ့ 3နှစ်သားလေးဘက်လှည့်ကာ

'သားလေး နှုတ်ဆက်လိုက်လေ'

'မဂ်ယာပါ ကျရော် နာပည်က ချောင်းရိပါဂျ(မဂ်လာပါ ကျနော့်နာမည်က ရှောင်းရိ‌ပါဗျ)'

ထိုစဉ် BMWကားနက်ပေါ်က all whiteဝတ်ထားတဲ့ ကောင်‌ငယ်လေးတစ်ယောက်ထွက်လာကာ

'ဟိုသားအဖ ဘာကိစ္စ ဒီလူကိုကျ မစောင့်တာလဲ'

'ပါပါး.....'

3နှစ်သာရှိသေးတဲ့ ရှောင်းရိလေးက ရိပေါ်ဆီပြေးလာတာမို့

'ဟဲ့ သား သား မပြေးနဲ့လေ '

ရိပေါ်အော်လိုက်တော့ ရှောင်းရိက နှေးကွေးနေအောင် လျှောက်ပြီး ရိပေါ်ဆီတစ်လှမ်းချင်းလာနေတယ် အုတ်ဂူအဖြူရောင်လေးကို ဂါဝရပြုနေတဲ့ ရှောင်းကျန့်က ရိပေါ်တို့ဘက်လှည့်ကြည့်မိကာ ခွီကနဲ အသံထွက်ရီမိသွားတာမို့ ရိပေါ်ဆီကမျက်စောင်းလှလှလေးတစ်ခု ရရှိသွားတာပေါ့ ရိပေါ်က သူနဲ့ဆင်တူ all whiteဝတ်ထားတဲ့ ရှောင်းရိလေးကို ချီလာကာ ရှောင်းကျန့်ဘေးကို ယှဉ်ရပ်လိုက်ပြီး ရှောင်းရိကို ရှောင်းကျန့်အားပေးကာ အဖြူရောင်အုတ်ဂူလေးကို ခါးကိုင်းကာ အရိုအသေပေးလျှက်

'ချန်လေး ကျနော်တောင်းပန်ပါတယ် အဲ့နေ့က ကျနော်သာ ဂရုစိုက်ခဲ့ရင် ‌ကျနော်သာချော်မလဲအောင် ဂရုစိုက်ခဲ့မိရင် ချန်လေးကို ကယ်နိုင်မှာ ကျနော်မရည်ရွယ်ခဲ့ပါဘူးဗျာ'

ရိပေါ်ကမိမိရှေ့ရှိ အဖြူရောင်အုတ်ဂူလေးပေါ်က လှပတဲ့အပြုံးကို ပိုင်ဆိုင်ထားတဲ့သူရဲ့ ပုံလေးကိုစိုက်ကြည့်ကာ တောင်းပန်စကားတဖွဖွဆိုနေလေတယ် ပုံလေးရဲ့အောက်မှာရေးထားတာကာ ချန်ရင်း အသက်(14)တဲ့ ချန်‌ရင်းက စစ်ကျွေးရဲ့တစ်ဦးတည်းသော နှလုံးသီးသန့်ကုပေးတဲ့ လူနာရှင် စစ်ကျွေးက အားလုံးကုတတ်တယ် အာ့ကြောင့် ဆေးရုံအုပ်က အထွေထွေဘာလို့မယူတာလဲ တဖွဖွမေးတယ် စစ်ကျွေးရဲ့အမေက သူ့ကိုမီးဖွားရင်း ဆုံးသွားခဲ့တာ အဲ့အတွက်ကြောင့် စစ်ကျွေးက သားဖွားမီးယပ်ဆရာဝန်ဖြစ်ကိုဖြစ်ရမယ်ဆိုပြီး ကြိုးစားခဲ့တယ် နဂိုကတစ်ခုပဲရည်ရွယ်ခဲ့ပင်မဲ့ ပညာဆိုတာ သင်ထားရင် အရှုံးမရှိတာမို့ အားလုံးကို သင်ယူခဲ့တယ် စစ်ကျွေးက သားဖွားမီးယပါအထူးကုမို့ အခြားသူတွေက သားဖွားမီးယပ်ပဲ လာကုကြတာ ဒါမဲ့ ချန်ရင်းကကျ စစ်ကျွေးမွေးစားထားတဲ့ ကောင်လေးဖြစ်နေတာကြောင့်ရော သူ့မှာမွေးရာပါနှလုံးရောဂါပါတာကြောင့်ရော စစ်ကျွေးကပဲ ချန်ရင်းကိုကူညီ‌စောင့်ရှောက်ရင်း ကုသပေးခဲ့တယ် အဲ့နေ့ တစ်နည်းအားဖြင် ရိပေါ်အသက်လုနေရတဲ့နေမှာ စစ်ကျွေးကို သူနာပြုဆရာမလေး လာခေါ်ခဲ့တယ် ဒါမဲ့ စစ်ကျွေးက ဆရာဝန်တစ်ယောက်မို့ ပိုအရေးကြီးတဲ့ရိ‌ပေါ်ကို အရင်မရရအောင် ကုပေးခဲ့တယ် 3နာရီကြာတော့ စစ်ကျွေး ဖိုင်တစ်ခုနဲ့ထွက်လာပြီး ဖိုင်ပေါ်ကစာရွက်လေးပေါ်မှာ ရှောင်းကျန့်ကို လက်မှတ်ထိုးခိုင်းပြီး

~အစေခံ~ ~အေစခံ~ Where stories live. Discover now