၇၊ ၉

259 14 4
                                        

ခွန်ကိုး..
သူက မှုခင်း ဝတ္ထု​တွေ​ရေးတဲ့ စာ​ရေးဆရာတစ်​ယောက်..

သူက စာ​ရေးဖို့အတွက် တိတ်ဆိတ်ငြိမ်းချမ်းတဲ့ နယ်မြို့​လေးမှာ အိမ်က​လေးတစ်လုံးဝယ်ပြီး ​ပြောင်းလာခဲ့တယ်။

ထိုအိမ်​လေးက မြို့ရဲ့ အစွန် ​တောင်ကုန်း​​လေးပေါ်မှာ ရှိ​​နေပြီး အိမ်​​​ဘေးမှာ ကြီးမားတဲ့ ကုက္ကိုပင်ကြီး တစ်ပင်ရှိတယ်။

ခွန်ကိုး အိမ်ထဲ ကို ပထမဆုံး ​ခြေချလိုက်ချိန်မှာ​တော့ အိမ်က ​တော်​​တော်​လေး ညစ်ပတ်​နေပြီး အနံ့အသက်မ​ကောင်းတာကို သတိထားမိလိုက်တယ်။ သူ့လို အသန့်ကြိုက်သူအဖို့ ညစ်ပတ်နံ​စော်​နေတာက ငရဲတစ်မျိုးဘဲ။

ဒါ​ကြောင့် ရောက်​ရောက်ချင်း မနားသေးဘဲ အိမ်ကို သန့်ရှင်း​ရေး အရင်လုပ်လိုက်ရတယ်။ အိမ်က အရမ်းကြီး မကြီး​ပေမဲ့ အားလုံးပြီးဖို့ကို သူ ​နေ့တစ်ဝက်​လောက် အချိန်ယူလိုက်ရတယ်။

သူရောက်လာတာက ​နေ့လယ်ပိုင်း ဖြစ်တာ​ကြောင့် အိမ်ရှင်းလို့ပြီးသွားချိန်မှာ​တော့ ညမိုးချုပ်​နေခဲ့ပြီ။

သန့်ရှင်း​ရေ လုပ်လို့ ပြီးသွားချိန်မှာ​တော့ သူ ဗိုက်ဆာ​လာတယ်။ ဒါ​ပေမဲ့ သူ့မှာ ​လမ်းက ဝယ်လာတဲ့ သစ်​တော်သီး​တွေကလွဲပြီး သူ့ မှာ ဘာမှ စားစရာမရှိဘူး။ အပြင်ထွက်ပြီး ဝယ်ဖို့ကိုလည်း သူအရမ်းပျင်း​နေခဲ့တယ်။

သူ့ရဲ့တစ်ကိုယ်လုံးကလည်း ​ချွေး​တွေနဲ့​စေးကပ်​​နေပြီ။

ဒါ​ကြောင့် ထိုသစ်​တော်သီး​တွေကိုဘဲ စားပြီး ​ရေချိုးဖို့လုပ်လိုက်တယ်။

ခွန်ကိုး​ ရေချိုးခန်းထဲ ဝင်လိုက်ပြီး သူ့ကိုယ်​ပေါ်မှ အင်္ကျီအားလုံးကို ချွတ်လိုက်ကာ ​ရေပန်းကို ဖွင့်ချလိုက်တယ်။ ​​​ရေ​​အေးတွေက သူ့ ခေါင်းမှတစ်ကိုယ်လုံးကို လွမ်းခြုံသွားပြီး ​နေသာထိုင်သာရှိလွန်းတယ်။

ဒါ​​ပေမဲ့ သူ​ရေချိုး​နေတုန်းမှာ ရုတ်တရက် ​အေးစိမ့်သွားပြီး တစ်ကိုယ်လုံး ကျက်သီး​တွေဖြန်းကနဲထသွားတယ်။ ​​

ပြီး​တော့ တစ်​ယောက်​ယောက်က သူ့ကို စိုက်ကြည့်​နေသလို ခံစားလာရတယ်။ ​စိတ်ရဲ့ လှုပ်​ဆော်မှု​ကြောင့် ခွန်ကိုး ​ရေချိုးခန်းတစ်ခုလုံးကို ပတ်ကြည့်လိုက်မိတယ်။ ဒါ​ပေမဲ့ ​ရေချိုးခန်းထဲမှာ သူကလွဲပြီး ဘယ်သူမှမရှိဘူး။ ​

၇၊ ၉ (Completed)Des histoires addictives. Découvrez maintenant