အပိုင်း (၇၈)

Start from the beginning
                                    

"မနေ့က ဘာဖြစ်ခဲ့သလဲ မှတ်မိလား…"

"ဟင့်အင်း…"

"ဘယ်အထိ မှတ်မိလဲ…"

"ကျမ အများကြီးသောက်လိုက်မိတယ်… အဲဒါပြီးတော့ မမှတ်မိတော့ဘူး…"

သက်ပြင်းချသံ တိုးတိုးလေးကို သူမကြားရသည်။ မကောင်းတာတစ်ခုခု လုပ်မိထားသလို အပြစ်ရှိသလို ခံစားရသည့်အတွက် ခေါင်းကိုသာ ငုံ့ပြီး ဘာမှမရှိတော့သည့် ဆေးခွက်ကိုသာ ကြည့်နေမိသည်။

"မင်း နောက်တစ်ခါ မသောက်နဲ့တော့… ကိုယ့်ကိုယ်ကို မထိန်းနိုင်ဘူး ဟုတ်လား… မတတ်နိုင်လို့ သောက်ရမယ်ဆိုရင် နှစ်ခွက်ထပ် ပိုမသောက်နဲ့… ကြင်ယာတော်တစ်ပါးဖြစ်နေပြီပဲ… ဆင်ခြင်ဖို့လိုတယ်…"

"ဟုတ်ကဲ့… ဒါပေမယ့် ကြိုးတုပ်ထားတာက…."

"မင်း မူးပြီး အဝတ်တွေဆွဲချွတ် အပြင်ထွက်ဖို့ လုပ်နေလို့ ငါကြိုးတုပ်ထားတာ… သွား… ကိုယ်လက်သန့်စင်ခဲ့… နေ့လည်စာစားဖို့ အချိန်ရောက်ပြီ…"

မို့ရန် ပါးစပ်ပိတ်သွားသည်။ ကြည့်ရတာ အမဖန်းယဲ့ရဲ့ ဂုဏ်သိက္ခာ ထိခိုက်မိအောင် သူမလုပ်ခဲ့ပုံပင်။ ဟွာရှန့်ပြောသည့်အတိုင်းသာ နာနာခံခံလေးနေလိုက်သည်။ အမဖန်းယဲ့ရဲ့ ကိုယ်ခန္ဓာက အရက်မူးခံနိုင်ပုံ မရှိ။ မှတ်ထားရမည်။ မဟုတ်ပါက အရက်မူး ကျွဲခိုးပေါ်သလို အခြားသူတွေ သံသယရှိသွားချေမည်။
တစ်ပတ်ဆိုသော နေ့ရက်တို့သည် တဖြည်းဖြည်းကုန်ဆုံးလာသည်။ ထိုအချိန်အတွင်းတွင် မို့ရန် အမြတ်တစ်ခု ထုတ်လိုက်နိုင်သည်။ ထိုအမြတ်က အခြားမဟုတ်။ ဖူအစ်ကိုကြီးတို့အတွက် ထွက်ခွာခွင့်အမိန့်စာကို ရအောင်တုပနိုင်ခဲ့ခြင်းပင်။ ဖန်းယဲ့အဖြစ် ကျင့်သားရအောင် လုပ်ရသည်ကလည်း မလွယ်ကူချေ။ အိနြေ္ဒသိက္ခာရှိရှိ ပြုမူပြောဆိုရသည်။ အနေအထိုင်ကအစ စကားပြောသည်ကအဆုံး နူးညံ့သိမ်မွေ့အောင် ပြုမူရသည်က သူမကို အတော်ကြီး စိတ်ပင်ပန်းစေသည်။ ပြီးတော့ သူမတွင် ပြသနာတစ်ခုကြုံနေရသည်။ ထိုပြသနာကို သတိထားမိသည်မှာ လေးရက်ခန့်ရှိပြီ။ ခန္ဓာကိုယ်ရှိ သွေးကြောတို့သည် ခရမ်းရောင်ဖျော့ဖျော့ ကနေ တဖြည်းဖြည်းဖြင့် အရောင်ရင့်လာခြင်းပင်။ အစက ရေနွေးဖြင့် ရေချိုးသည့်အတွက် သွေးကြောများ အလွယ်တကူ ပေါ်လာသည်ဟုသာထင်သော်လည်း ရက်ကြာလာသည်နှင့်အမျှ အရောင်တက်လာသည်မှာ ယခုဆိုရင် ထင်သာမြင်သာရှိလာလေပြီ။ ကံကောင်းသည်ဟုပင်ပြောရမလား။ မျက်နှာပေါ်တွင်တော့ မဖြစ်နေချေ။ လည်ပင်းရှိ သွေးကြောကို အသာထိကြည့်ပြီး ဘာလုပ်လို့လုပ်ရမှန်းလည်း မသိ။ ဝိဥာဉ်လဲထားသည်မှာ ကန့်သတ်ချိန်ကျော်သွားလို့ ဖြစ်လာတာလား။ ပုဝါပါးပါးတစ်ထည်ကို လည်ပင်းတွင် ပတ်လိုက်ရင်း ကြည့်မှန်ကို မျက်နှာလွှဲလိုက်လေ၏။

ကြင်ယာတော် "မို့ရန်"Where stories live. Discover now