မုချိုး ဝမ်းသာတရနဲ့ ဖုန်းကိုယူလိုက်သည်။ ဒါ ခင်ပွန်းအတွက် ဇနီးဆီကို အရင်ခေါ်တာ သိပ်လှပတဲ့အရာပဲ။ သူတို့ကမိသားစုတစ်ခုလိုဖြစ်နေပြီ။

"မစ္စတာမု ,ကျွန်တော် အကူအညီတစ်ခုလောက်တောင်းလို့ရမလား?"

"ရတာပေါ့!" မုချိုး စိတ်အားထက်သန်စွာဖြေလိုက်သည်။ အမှန်တော့ သူက ကျုံးလီဖုန်းပိုင်နဲ့မနက်ဖြန် နေ့ခင်းနေ့လည်လက်ဖက်ရည်သောက်ဖို့ ခေါ်ရင်းနဲ့ သူ့အကြောင်းဆွေးနွေးချင်​နေတာ ဖြစ်သည်။ ဒါပေမယ့် သူဘက်က အရင်ဖုန်းခေါ်မယ် မထင်ထားမိပေ။

“ကျွန်တော့်အစ်ကိုကြီးက ဒီညဒီမှာနေမှာမို့ ကျေးဇူးပြုပြီး သူ့ကိုမလာဖို့ပြောပေးပါလား? "ဆုနို တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက် ဒါပေမယ့် စိတ်ထဲမှာတော့ ရှုပ်​ထွေးနေရပြီး နည်းနည်းလေးမှားနေတယ်လို့ ခံစားရသည်။

"... မင်းသူ့ကို ဘာလို့ကိုယ်တိုင်မပြောတာလဲ?" မုချိုး စိတ်ရှုပ်ထွေးသွားသည်။

"ကျွန်တော်မှာ တခြားလုပ်စရာတွေရှိသေးလို့။ အခုကျွန်တော်ဖုန်းချတော့မယ်၊ နှုတ်ဆက်ပါတယ်။ ကျေးဇူးပဲ" ဆုနို အလင်းရောင်အရှိန်ဖြင့် ဖုန်းချလိုက်သည်။

မုချိုး သူ့ခန္ဓာကိုယ် တစ်ကိုယ်လုံး အားအင်​တွေ ကုန်ဆုံးသွားခဲ့ရသလိုပင်။ အခုထိ အဓိက အချက်ကို မ​ရောက်​သေးဘူး​လေ!

"သူဘာပြောလိုက်တာလဲ?" ကျုံးလီဖုန်းပိုင် သူ့ကိုစိုးရိမ်တကြီးမေးလိုက်သည်။

"... သူက သူ့အစ်ကိုကြီး အိမ်မှာရောက်​နေတာမို့ အိုးရန်လုံကို မလာဖို့ ပြော​ပေးပါလို့ သူကပြောတယ် "

ဘယ်လိုပဲကြည့်ကြည့် ဒါ သတင်းကောင်းမဟုတ်တာကြောင့် မုချိုး အိုးရန်လုံကို အလွန်စာနာမိသည်။

"....ဒါဆို ခင်ဗျားပြောမှာလား? ” ကျုံးလီဖုန်းပိုင် မေးလိုက်သည်။

"ကိုယ် စကားကို အရင်စီလိုက်အုံးမယ်"  အိုးရန်လုံသာ ဒီစကားကို ကြားပြီး နောက်တစ်ကြိမ် ရေသောက်သလိုမျိုး အရက်ပြန်သောက်မည်ကိုစိုးရိမ်မိတာမို့ ပြောဖို့ သူ့ကိုယ်သူ မသေချာကြောင်းပြောလိုက်သည်။

ဖက်ရှင်ကျသည့် မစ္စတာ ||မြန်မာဘာသာပြန်||Where stories live. Discover now