မစ္စတာမုသည် ဟန်ချက်ပျက်သွားတာ​ကြောင် အိပ်ယာ​ပေါ် ပစ်လဲကျသွား​တော့သည်။ ထို့ကြောင့် သူ အလန့်တကြား အော်ဟစ်လိုက်မိလေသည်။

"မင်းအခန်းထဲမှာ တခြားတစ်ယောက်ရှိနေသေးတာလား?" အသံကြားလိုက်ရ​တော့ ဆုနို ထိတ်လန့်စွာမေးလိုက်သည်။

"မဟုတ်ပါဘူး! အဲဒါက တီဗီကလာတာ! " ကျုံးလီဖုန်းပိုင် အံကိုကြိတ်ပြလိုက်သည်။

"ငါပြောမယ်" ဆုနိုက သူ့ကို လုံးဝ မျက်နှာသာ မ​ပေးလိုက်ပေ။ "အဲဒါ မစ္စတာမု ဟုတ်တယ်မဟုတ်လား?"

“......."

ကျုံးလီဖုန်းပိုင် မုချိုးကို ဒေါသတကြီးဖြင့်ကြည့်လိုက်သည်။

မစ္စတာမုက​တော့ အလွန်ပင် မတရားခံခဲ့ရသလို ခံစားခဲ့ရသည်။ မင်းက ကိုယ့်ကို တွန်းလိုက်တဲ့သူ မဟုတ်ဘူးလား? အ​ကြောင်းပြချက်မရှိ  အဲ့လို မကြည့်ပါနဲ့!

သို့သော်လည်း ဆုနိုသည် မုချိုးနဲ့ မစ္စတာဒါရိုက်တာကြီးက မိတ်ဆွေကောင်းတွေဖြစ်တာ​ကြောင့် ပိုပြီးပြည့်စုံသွားပြီ လို့ခံစားမိသည်။ဒါကြောင့် သူ ရိုးရိုးသားသားမေးလိုက်၏။ "ဒါဆို မင်းတို့က အတူတူရှိ​နေတာလား?"

"မင်း ဘာကိုပြောနေတာလဲ? မဟုတ်တာကြီး! " ကျုံးလီဖုန်းပိုင် ဒီစကားကိုကြားလိုက်ရလို့ ဒေါသတကြီး ဖြစ်သွားရသည်။ "ငါက သူနဲ့ဘယ်လိုလုပ် နေနိုင်ရမှာလဲ? လျှောက်ခန့်မှန်းမနေနဲ့။ ငါတို့က တကယ်ကို ဖြူစင်တဲ့ဆက်ဆံရေးပဲရှိတယ်! "

မစ္စတာမု ခုတင်ပေါ်ကိုတက်လိုက်ပြီး သူ့ကိုအနောက်ကနေပွေ့ဖက်လိုက်သည်။ သူတို့ လွန်ခဲ့တဲ့သုံးမိနစ်က ပြင်သစ်အနမ်းလေး ပေးထားတာတောင်မှပေါ့!

ကျုံးလီဖုန်းပိုင် သူ့ကိုဓားရှည်တွေလို စူးရှတဲ့ အကြည့်​တွေနဲ့ပစ်လွှတ်လိုက်သည်။
၎င်းသည် မုချိုးကို မထိရောက်ဘဲ သူ့ကိုသာ တင်းကျပ်စွာ ပွေ့ဖက်လိုက်သည်။

"ဒါဆို သူ့ကိုဖုန်းပေးပြောလို့ရမလား? ငါမေးစရာတစ်ခုရှိတယ်"

"မင်းသူ့ကို မေးချင်ရင် ဘာလို့သူ့ဆီတိုက်ရိုက်မခေါ်တာလဲ!"
ကျုံးလီဖုန်းပိုင် အသက်ရှုကျပ်သွားသလို ခံစားလိုက်ရသည်။

ဖက်ရှင်ကျသည့် မစ္စတာ ||မြန်မာဘာသာပြန်||Where stories live. Discover now