"အင်းသွားမယ်"
(Kim လီလီကိုတွဲ၍ အခန်းထဲသို့ ဝင်နားလိုက်
သည်)လီလီမှ....

"Kim ကို ဆရာဝန်က ဘာပြောလိုက်သေးလဲ"

"ဘာမှမဖြစ်ပါဘူးတဲ့ အာရုံစိုက်တာများတော့ ခေါင်းကိုက်တာ ခေါင်းမူတာပါတဲ့ ခုတစ်လော ဖုန်းလည်းအကြည့်များတယ်လေ ပြီးတော့ ညဆိုလည်းနောက်ကျမှ အိပ်တာကိုး"

"ဒါဆို ဒီညကစပြီး စောစောအိပ်ကြမယ်နော်
လီလီ မဆိုးတော့ပါဘူး Kim ကျန်းမာရေးက အရေးကြီးတာမို့လို့"

"ဘယ်သူပြောလဲ လီလီဆိုးတယ်လို့ လီလီက Kimအတွက်တော့ အရမ်းလိမ္မာတယ်"

(ညရောက်သော် လီလီရင်ခွင်လေးထဲတွင် Kimမှီ၍အိပ်နေသည်)

"Kim နာနေသေးလားဟင်"

"မနာပါဘူး ကလေးရယ် Kimလီလီကို ပြောစရာတစ်ခုရှိတယ် တစ်ခြားတော့မဟုက်ပါဘူး Kimတို့ကျောင်းတကိတုန်းက အကြောင်းလေးပါ"

"အင်း ပြောပြလေ"

"ကျောင်းတက်တုန်းက ဆွန်းနဲ့Kimနဲ့က တစ်ခန်းထဲ ဒါကြောင့်လည်း အချစ်ဆုံး သူငယ်ချင်းတွေဖြစ်လာတာပေါ့။ တစ်နေ့တော့ Tomboyလေးတစ်ယောက်က ဆွန်းကို နှင်းဆီပန်းလေးပေးပြီးတော့ ရည်းစားစကားလာပြောတယ် အဲ့ဒါနဲ့ Kimလည်း စောင့်ကြည့်လိုက်တယ် ဆွန်းဘာပြောမလည်းပေါ့ ဒါနဲ့ပဲ ဆွန်းကသူ့ကို ဘာမှပြန်မပြောဘဲ သူလက်ထဲမှာ ကိုင်ထားတဲ့ ကော်ဖီခွက်နဲ့ အဲ့ Tomboyလေး ရဲ့ မျက်နှာကို ပက်ချပလိုက် တာ Kimတောင်တော်တော်လှန့်သွား
တယ် အဲ့ဒါနဲ့ ဆွန်းက သူ့ကိုထပ်ပြောလိုက်
တယ် နင်တို့လို ဟိုမရောက်ဒီမရောက်ကို ကြိုက်ဖို့မပြောနဲ့ ရွံတောင်ရွံသေးတယ်ဆိုပြီးတော့ အဲ့လိုပြောပစ်လိုက်တာ Kimဖြင့်လန့်သွားတယ် ခုအဲ့ဒီအကြောင်းတွေကို ပြန်တွေးမိနေတာ"

"ဟင် မေမေက အဲ့လောက်ထိတောင် ဆိုးလား"

"သူ ဒီအကြောင်းတွေကို သိကြည့်ပါလား Kimအပေါ်အဲ့ထက်တောင်ဆိုးအုံးမယ် ဘာလိုလဲဆိုတော့ Kimက သူ့ယုံကြည့်မူကို ချိုးဖောက်ခဲ့တာလေ သူယုံကြည်လို့ အပ်နှံထားတဲ့ ကလေးလေးကို Kimတွေ အရောင်တွေဆိုးမိ
တယ် Kimမှာ အပြစ်တွေရှိနေသလို ခံစားနေရတယ်"

Lily was a little girl Where stories live. Discover now