မပြောချင်ပါဘူးကွာ... အစချီကာ မကျေနပ်ချက်များအာ တရစပ်ပြောသွားပါသောရှင်းမြတ်။အတန်းထဲကို ဆရာဝင်လာမှ ပြောတာရပ်သွားတော့သည်။
ဒါတောင် ဆရာထွက်သွားတော့ ဆက်ပြောနေသေးသည်။

စိတ်ကလည်းကြီးသေး။
စိတ်ပေါက်ပေါက်နဲ့ ဖန်ခွက်နှင့်လှမ်းပေါက်သည်တဲ့။ဟိုက နဖူးကွဲသွားသည်။အစ်ကို မင်းသူအောင်ကလည်း
အူကြောင်ကြောင် ဘာလို့စိတ်ဆိုးမှန်းတောင်မသိဘူးတဲ့။

တစ်ယောက်က အူကြောင်ကြောင်
တစ်ယောက်က စိတ်ကြီးပြီး စိတ်မြင်လက်မြန်....ဟုတ်တော့ဟုတ်နေတာပဲ
လိုက်ကြပါပေတယ်။
--------------------------------------------------

" ဟိုကောင်လေး "

" ဗျာ အန်တီ "

ကျွန်တော် လူကြီးအမေအတွက် စွပ်ပြုတ် ပြုတ်ပေးနေတုန်း လူကြီးအမေက ခေါ်နေ၍ မီးဖိုထဲကနေပဲ လှမ်းအော်ထူးလိုက်သည်။

" ဘာတွေလုပ်နေတာလဲ "

အန်တီက ကျွန်တော့်ဘေးလာရပ်ကာ မေးသည်။

" စွပ်ပြုတ်လုပ်နေတာဗျ "

" ဘယ်သူ့အတွက်လဲ "

" အန်တီ့အတွက်ပါ မနေ့ညနေ့က doctor နဲ့အိမ်ရှေ့မှာတွေ့တော့ doctor က ပြောတယ် အန်တီကအားနည်းနေတယ်တဲ့ ဆန်ပြုတ်တို့ စွပ်ပြုတ်တို့ပဲများများ လုပ်ကျွေးလိုက်လို့ပြောလို့ပါ "

" မဆိုးဘူးပဲ "

သူဇာနှင်းပြုံး၍ ခပ်တိုးတိုးရေရွတ်လိုက်သည်။အစတုန်းက ဘုဂလန့်တွေပြော စွာကလဲစွာတော့ သိပ်ကြည့်မရဖြစ်နေတာ ခုကျတော့လဲ လိမ္မာသားပဲ။
သားကတောင် သူမအတွက်ခုလိုတစ်ခါမှ မချက်ပြုတ်ပေးဖူးဘူး။သမတ်လေးက အလိုက်သိသားပဲ။

ဟမ်...မဟုတ်သေးပါဘူး သမတ်မဟုတ်ဘူး ငါကဘာလို့သူ့ကိုလက်ခံပေးရမှာလဲ။

သီဟမင်းထင်လဲ သူ့ဘေးကနေ တစ်ယောက်တည်း ခေါင်းညိမ့်ခေါင်းခါလုပ်နေသော လူကြီးအမေအား ကြည့်ပဲကည့်နေလိုက်သည်။ဘာဖြစ်နေတာလဲလို့လဲ မမေးရဲ။တော်ကြာ လျှာကိုရှည်တယ်ဆိုပြီး ဖြစ်နေဦးမယ်။

" ဟို အန်တီ သောက်တော့မလားဗျ ကျွန်တော် ပန်းကန်ထဲထည့်ပေးမယ် "

တွဲလက်ကလေး မြဲစေလို( Complete) Where stories live. Discover now