အပိုင်း ၄၀

Start from the beginning
                                    

အစောင့် ဝန်ထမ်း ရုံးခန်းထဲက ထွက်သွားတော့မှကျိုးယွင်က လက်မှာ ပတ်ထားသည့် နာရီကို တစ်ချက်ငုံ့ကြည့်လိုက်သည်။

ကျိုးယွင်က သူထိုင်နေတဲ့ revolving chair ကို မှန်သားနံရံရှိရာဘက်ကို တစ်ချက်လှည့်ယူလိုက်ပြီး မှန်နံရံကနေတဆင့် မြင်တွေ့နေရတဲ့ ကားပါကင်ကို မျက်မှောင်ကျုံ့ကာ ကြည့်လိုက်သည်။

မြင့်မားလှတဲ့တိုက်အထပ် အရေအတွက်နဲ့
အကွာအဝေးအတိုင်းအတာတစ်ခုကြောင့် ရှောင်ဟန်ကိုတော့ အသေးစိတ် တိတိကျကျမမြင်ရပေ။

သိပ်မကျန်တော့တဲ့ ကားအရေအတွက်ကြောင့်
ကားအဖြူ တစ်စီး၏ဘေးတွင် ကျောက်ရုပ်လေးတစ်ရုပ်လို အမူအရာမဲ့ ရပ်စောင့်နေတဲ့ ရှောင်ဟန်ကို ရှာရတာ သိပ်မခက်လှ။
  ကျိုးယွင်က ဆိုးယုတ်လွန်းလှတဲ့ မဲ့ပြုံးတစ်ချက်ကို ပြုံးလိုက်ပြီး လက်ထဲက စီးကရက်ကို မီးညှိ့ ယူလိုက်သည်။

ကျိုးယွင်သည်က ရှောင်ဟန်ကို တိတိကျကျမမြင်ရတာတောင်  ကြည့်နေသည့် အကြည့်ကို လုံးဝမဖယ်ခွာဘဲ စီးကရက်နဲ့ အတူ အရသာခံစားရင်း ကြည့်ရှု့လို့နေခဲ့သည်။

အပေါ်ထိ လိုက်မလာချင်ဘဲ ခေါင်းမာလွန်းနေတဲ့ ရှောင်ဟန်ကို အချိန်အတိုင်းအတာတစ်ခုအထိ ရပ်ပြီးစောင့်နေစေဖို့အတွက် ပညာပေးလိုက်ဖို့ သူဆုံးဖြတ်ထားသည်။

ရှောင်ဟန်သည်လည်း သူကြည့်နေမှန်းကို သိနိုင်မည်မဟုတ်ပေ။
ရှောင်ဟန်ဘက်ကနေ တိုက်ပေါ်ကို လှမ်းကြည့်မယ်ဆိုရင်တောင်မှ သူ့ကို မြင်တွေ့ရမည်
မဟုတ်။
အသုံးပြုထားသည့် အခန်းမှန်နံရံများသည်က တဖက်မြင် မှန်သားများသာ။ သူ့ဘက်ကသာ မြင်တွေ့ရနိုင်သည်။

ကျိုးယွင်က ရှောင်ဟန်ရှိရာဘက်ကို မျက်လုံးများမှေးစဉ်းကာ ကြည့်နေရင်း စီးကရက်ကို တစ်လိပ်ကုန်ဆုံးသွားသည်အထိ ရသာခံရင်းအေးဆေးသောက်နေခဲ့လေသည်။

ရှောင်ဟန်သည်လည်း ညောင်းညာနေပုံ လုံးဝမပြသဘဲ ဒီအတိုင်းအမူအရာမဲ့စွာ ရပ်စောင့်နေခဲ့သည်။
တစ်ချက်မျှတောင် မလှုပ်ရှားခဲ့ပေ။ ကျောက်ရုပ်တစ်ရုပ်အလား။

Love of an idoit  အရူးတစ်ယောက်ရဲ့အချစ် [Ongoing]Where stories live. Discover now