အခန်း (၃၂)

Start from the beginning
                                    

မုဆိုးမလီ အိပ်ခန်းငယ်လေးကို သပ်သပ်ရပ်ရပ်ဖြစ်အောင်လုပ်ပြီး အဝတ်အစားများလဲကာ ရန်အိမ်တော်သို့ လမ်းလျှောက်သွားသည်။

မုဆိုးမလီနောက်လိုက်ရန် ဖေ့ကျင်းပြောထားသော ရှောင်ကျိုက်သည် ခေါင်မိုးပေါ်တွင် ပုန်းနေသည်။ မုဆိုးမလီ၏ အခြေအနေကို မဖော်ထုတ်နိုင်လျှင် အိမ်တော်သို့ ပြန်လာခွင့်ပြုမပြုဟု ဖေ့ကျင်းက မိန့်ထားသည်။ မင်းသမီးခန်းဟွာက ရန်ရှီးနဥ်ကို မသိစေချင်သော လျှို့ဝှက်ချက်ကို သူရှာတွေ့လိမ့်မယ်လို့ မျှော်လင့်မထားခဲ့မိ။ ဖေ့ကျင်းက သူ့ကိုချီးကျူးလိမ့်မည်ဟု သူမျှော်လင့်ထားသည်။ နောက်ဆုံးတော့ တစ်ခြားသက်တော်စောင့်တွေကလည်း တိုက်ခိုက်ရေးမှာ ညံ့သည့်အတွက် သူ့ကို ထပ်မလှောင်နိုင်တော့။

ရှောင်ကျိုက် လူအိုကြီးလီ၏​ေခါင်းပေါ်သို့ ခေါင်မိုးအပေါက်မှဖြတ်၍ တံတွေးထွေးလိုက်သည်။

"ငကြောက်လူအိုကြီး"
ရှောင်ကျို သူ့ကို ညင်ညင်သာသာပဲ ကျိန်ဆဲလိုက်ပြီး အိမ်တော်သို့ အပြေးပြန်လာခဲ့သည်။

ရန်အိမ်တော်သို့သွားရာလမ်းတွင် မုဆိုးမလီသည် လိပ်ပြာမလုံဖြစ်ပြီး စိတ်သောကရောက်ကာ ဝန်လေးနေသည်။ ရန်အိမ်တော်သို့သွားကာ မင်းသမီးခန်းဟွာဆီမှာ ငွေတုံးတွေ သွားတောင်းရမည်ကို သူမ မကြိုက်ပေ။ သူမအသိတရားကို သူမကိုယ်တိုင် သစ္စာမဖောက်မိဖို့နှင့် သူမဝမ်းကွဲအစ်ကိုက သူမလျို့ဝှက်ချက်ကို မပြောဖို့သာ ဆန္ဒရှိသည်။

နန်းမြို့တော်နှင့် ဝေးကွာလှသော တောင်ပိုင်းတွင် နေထိုင်ခဲ့သော သူမနှင့် ဝမ်းကွဲအစ်ကိုတို့၏ နေ့ရက်များကို မုဆိုးမလီ ပြန်အမှတ်ရသွားသည်။ သူတို့ ရှင်သန်နေထိုင်ဖို့ အလုပ်အရမ်းကြိုးစားသော်လည်း သူက သူမကို နှုတ်နှင့်ရော လက်နှင့်ရော အနိုင်မကျင့်ဖူးပေ။ ဒါ ဝဋ်လည်တာဟုသာ သူမ တွေးမိတော့သည်။ အစ်မကြီးတွမ်းသီ၏ သေဆုံးခြင်းနှစ်ပတ်လည်တိုင်း သူမ အိမ်မက်ဆိုးများမက်ကာ အိပ်နေရင်း ဗလုံးဗထွေးများ ရေရွတ်တတ်သည်။ သူမဝမ်းကွဲအစ်ကိုက သူမကို ဘာကြောင့် အိမ်မက်ဆိုးများ မက်ရသလဲမေးတော့ သူမလုပ်ခဲ့သည်များအား အမှန်အတိုင်း ဝန်ခံခဲ့ပြီး အရာအားလုံးက အဆိုးဆုံးအဖြစ် ပြောင်းလဲသွားတော့သည်။

ဉာဏ်များလွန်းသော ခင်ပွန်းသည်Where stories live. Discover now