Part11 🚨🚨🚨

Start from the beginning
                                        

'လုပ်လောက်တာမလုပ်လောက်တာကိုပြောနေတာမဟုတ်ဘူးမိုးမဖြစ်သင့်တာတွေမဖြစ်လာအောင်ကိုတားနေတာအမေကသူ့မြေးကိုဗေဒင်သွားမေးတာဒီလထဲအိမ်ထောင်ကျကိန်းရှိတယ်လို့ပြောတယ်တဲ့'

'awwကိုရယ်အမေကသူ့ဝါသနာအတိုင်းမေးတာပါသားလေးကအငယ်လေးရှိသေးတာမဖြစ်နိုင်ပါဘူး'

'ကိုလည်းဗေဒင်ကိုမယုံပါဘူးမိုးရယ်ဒါပေမဲ့ကို့စိတ်တွေလေးနေတာမို့သားလေးကိုသူ့အဘိုးအဘွားအိမ်ကိုအကြာကြီးမဟုတ်ရင်တောင်၃လလောက်ပို့ထားရအောင်နော်'

'ဟုတ်ပါပြီကို့သဘောပါ'

ဟင့်အင်း....ဟင့်အင်း...ချမ်းမသွားဘူး ဦးနဲ့ဝေးတဲ့နေရာကိုချမ်းမသွားဘူး
မျက်ဝန်းထဲမှမျက်ရည်များကအလိုက်မသိစွာကျလာသည်ခြေလှမ်းများကဦးရဲ့အရိပ်တို့မြင်ရရာကို့အခန်းကပြတင်းပေါက်ဆီသို့
ဦးနဲ့ဝေးရမဲ့အရေးမှာကို့အတွက်စောင့်တည်ရာမရတော့ပေ။
ဖြစ်ချင်ရာဖြစ်ဆိုပြီးပြတင်းပေါက်ကငုံ့ကြည့်မိတော့ဦးရဲ့ခြံအုတ်တံတိုင်းနဲ့ကို့ပြတင်းပေါက်ကသိပ်မဝေးပေထို့်ကြောင့်အခန်းထဲရှိစောင်များကိုပြတင်းပေါက်ရှိတိုင်မှာချီကာအုတ်တံတိုင်းပေါ်ကကျော်ပြီးဦးရဲု့ခြံထဲသို့ခုန်ဆင်းမိသည်။
ဘာတွေလုပ်မိနေတာလဲ...ကို့ဘာသာလည်းမသိတော့ နှလုံးသားရဲ့စေခိုင်းချက်အတိုင်း ဦးဆီအရောက်သွားနေခြင်းသာ အရင်ကဖေဖေနဲ့မေမေသာကို့အတွက်အားကိုးရာဖြစ်ခဲ့ပေမဲ့ခုတော့သူတို့မသိအောင်တောင်ဒီလိုအန္တရာယ်ရှိတဲ့အလုပ်တစ်ခုကိုချမ်းခိုးလုပ်တတ်နေပြီ
ဒီလိုလုပ်တတ်အောင်ဦးကသင်ပေးသည်လား
မဟုတ်ဘူးဦးကိုချစ်တဲ့ချမ်းရဲ့အချစ်တွေကြောင့်သူ့အလိုလိုတတ်လာတာနေမယ်
အုတ်တံတိုင်းကသိပ်မမြင့်ပေမဲ့ခုန်ဆင်းတဲ့အရှိန်ကြောင့်ခြေထောက်ကဆစ်ခနဲ့
ဒါပေမဲ့ခြေထောက်ကိုမငဲ့နိုင်သေးဦးရှိတဲ့ဦးရဲ့အခန်းထဲကိုခြေလှမ်းတို့ဦးတည်လျက် ကံကောင်းသည်ကအိမ်တံခါးသော့မခတ်ရသေးပေ

ဒေါက်...ဒေါက်...

'ဘယ်သူလဲ'

ညကြီးအချိန်မတော်တံခါးခေါက်သံကြောင့်ကိုနည်းနည်းတော့ကြောင်သွားသည်
ထိုအခါမှကိုအိမ်တံခါးပိတ်ရန်မေ့ခဲ့သည်ကိုသတိရတော့သည်
ဦးနိုင်သည်ကိစ္စတစ်ခုရှိလို့ဒီနေ့အိမ်ပြန်မလာဟုမှာထားမဟုတ်လား
ခုတံခါးခေါက်တာဦးနိုင်မဖြစ်နိုင် ဝီခေါင်းထဲတွင်တွေဝေသွားသည်

အချစ်ကိုစောင့်ဆိုင်းခြင်းWhere stories live. Discover now