အချစ်ကိုစောင့်ဆိုင်းခြင်း
❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤
စာမေးပွဲနောက်ဆုံးနေ့မို့သော်ကလျှောက်လည်မယ်ပြောလို့သူစိတ်ချမ်းသာအောင်တူတူလျှောက်လည်ပေးခဲ့တာ ချမ်းစိတ်ထဲတွင်လုံးဝမပျော်
ဦးနဲ့ခုချိန်ထိမတွေ့ရသေးတာကိုစိတ်ထဲတွင်နည်းနည်းလေးမှဘဝင်မကျချင် ဒါပေမဲ့သော့်ရှေ့မှာတော့အဆင်ပြေသလိုသာနေပြခဲ့သည်။
'ဖေဖေနဲ့မေမေသားပြန်ရောက်ပြီ'
'aww...သားပေါက်စပြန်လာပြီလားထမင်းစားမလားမေမေတစ်ခါထဲခူးလိုက်မယ်လေ'
'သားသော်နဲ့အပြင်မှာစားလာတယ်မေမေ သားပင်ပန်းနေလို့နားတော့မယ်'
'အေးအေး...နားတော့နော်သားခြေလက်သန့်စင်ဖို့မမေ့နဲ့အုံး'
'ဟုတ်မေမေ...good night ဖေဖေ.good night မေမေ'
'good night ပါသားငယ်'
ဘာမှမဖြစ်သလိုဟန်ဆောင်ပြီးမေမေတို့ကိုနှုတ်ဆက်ကာအပေါ်ထပ်ကကိုယ်ပိုင်အခန်းထဲသို့သာတက်လာခဲ့လိုက်သည်။
အခနိးထဲရောက်တော့မွန်းကျပ်လွန်းလို့ပြတင်းဗပါက်လိုက်ကာလေးကိုဆွဲလိုက်တော့တွေ့လိုက်ရတဲ့မြင်ကွင်းကြောင့်ချမ်းအပျော်ကြီးပျော်သွားရသည်။
ဦး....ဟုတ်တယ် ဦးရဲ့အရိပ်လေး ကိုတွေ့ချင်နေခဲ့တာအရိပ်လေးဖြစ်ဖြစ်ဆိုပြီးကိုတွေ့ချင်နေခဲ့တာခုတော့မြင်လိုက်ရပြီကော်ဖီခွက်ကားထားတဲ့ပုံဦးရဲ့အရိပ်လေးခုချက်ချက်ဦးဆီပြေးသွားချင်စိတ်ကအထွတ်အထိပ် ထို့်ကြောင့်မေမေတို့ဆီခွင့်တောင်းပြီးဦးဆီသွားရန်အောက်ထပ်သို့ဆင်းအလာကြားလိုက်ရတဲ့စကားကရင်ဘတ်ထဲကနှလုံးသားကိုမီးစနဲ့ထိုးနေသလိုနာကျင်သွားစေခဲ့တယ်။
'မိုး...သားလေးကိုမနက်ဖြန်သူ့အဘိုးအဘွားတွေဆီပို့လိုက်တော့'
'ဘာဖြစ်လို့လဲကိုရဲ့'.
'သားကိုဒီနေရာမှာဆက်နေခိုင်းရင်ဝီလျှံနဲ့မဖြစ်သင့်တာတွေဖြစ်ကုန်လိမ့်မယ်'
'မဖြစ်နိုင်တာကိုရယ် မောင်လေးဝီလျှံကအဲ့လိုတော့မလုပ်လောက်ပါဘူး'
YOU ARE READING
အချစ်ကိုစောင့်ဆိုင်းခြင်း
Fanfictionဦးပြန်မချစ်လဲချမ်းကတော့ဦးကိုချစ်နေအုံးမှာပဲ ချမ်အသက်ရှင်နေသ၍.. ဟင့်အင်း ချမ်းသေသွားလို့နောက်ဘဝရောက်သွားရင်တောင်ဦးကိုပဲဆက်ချစ်သွားမှာ.....
