3

266 32 1
                                    




ရှောင်းကျန့် ရှောင်းအိမ်တော်သို့ ကားကို မြန်မြန်မောင်းလာသည် ။

"သခင်လေး....... "

အိမ်အကူ ကောင်မလေးတွေရဲ့ စကားကို မကြားသလို ရှောင်းကျန့် ခြေလှမ်းများက ဖန်ရှင်းနေတဲ့ အခန်းလေးဆီသို့ .....

ရှောင်းကျန့် ဖန်ရှင်း အခန်းဝလေးနား ရောက်တော့ ရယ်မောနေတဲ့ အသံတွေ မားရဲ့ အသံ ဖန်ရှင်း ရဲ့ အသံ ပြီးတော့....ပြီးတော့ နောက်ထပ် ကောင်လေး တစ်ယောက်အသံ အသံချိုချိုလေး အရမ်းနားထောင်လို့ကောင်းတဲ့ အသံလေး.....


"အကိုရှောင်း...."


ဖန်ရှင်း ရဲ့ ခေါ်သံလေးကြောင့် ရိပေါ် နောက်က လူကို  လှည့်ကြည့်မိတော့ ရင်ထဲ တစ်ဒိတ်ဒိတ်နဲ့..... ဒါဘယ်လို ခံစားချက်ကြီးလဲ တစ်ခါမှ မဖြစ်ဖူးဘူး မဟုတ်ဘူး မခံစားဘူးတာ...။

ရှောင်းကျန့် လည်း ရိပေါ် ကို မြင်တော့ ရင်ထဲမှာ ခံစားချက်လေးတစ်ခုဝင်ခဲ့တယ်။ ဒါပေမဲ့ အဲ့ခံစားချက်လေးကို သူသတိမထားမိသလို ဖန်ရှင်းလှဲနေတဲ့ မွေ့ယာဆီသွားလိုက်တယ် ။

"ဖန်ရှင်း..... "

"အကိုရှောင်း..... စောလိုက်တာ ဒီနေ့ ကုမ္ပဏီ က ပြန်လာတာ"

ခါတိုင်းသူ ကုမ္ပဏီ ကပြန်လာလို့ ဖန်ရှင်း လေးဆီလာရင် မျက်နှာလေးညှိုးနေတတ်တဲ့  ဖန်ရှင်း က အခုတော့ ပြုံးရီနေလို့

"အင်း အကို ကျန်းချန် နဲ့လွှဲခဲ့တာ..... ဖန်ရှင်း လမ်းပြန်လျှောက်ဖို့ လေ့ကျင့်နေတယ်ဆို ဟုတ်လား "

"ဟုတ် အကိုရိပေါ် ကလေ ကျွန်တော့်ကို လမ်းပြန်လျှောက်ဖို့ ကူညီတာ.... "

"အင်း ဘယ်လိုဘဲဖြစ်ဖြစ် ဖန်ရှင်း ဒီတစ်ခါ စိတ်ဓာတ်မကျရတော့ဘူးနော်... "

"ဟုတ်...."

"ဟို......စကားဝင်ဖြတ်ပြောမိလို့ တောင်းပန်ပါတယ် ဖန်ရှင်း အကို ပြန်တော့မယ်နော်... "


" ဟုတ်ကဲ့ အကိုရိပေါ် မနက်ဖြန် စောစော လာရမှာနော် "

"ခဏ...."

"ဗျာ..."

"ငါ မင်းနဲ့ ပြောစရာ ရှိတယ်... ဧည့်ခန်းမှာ စောင့်နေ"

ကိုယ့်ဘဝရဲ့ ဖြစ်တည်မှုလေး जहाँ कहानियाँ रहती हैं। अभी खोजें