ထွန်းသန့်လင်းအား ပြန်လည်တွေ့ရှိခြင်း

Start from the beginning
                                    

"သူ့ရဲ့တခြားသူငယ်ချင်းတွေဆီကိုလည်း ဆက်သွယ်ကြည့်ပြီးပြီ။များသောအားဖြင့်ဆက်သွယ်လို့ရပေမဲ့ သူတို့ဆီလည်းရောက်မလာဘူးလို့ပဲပြောကြတယ်"

"ကျောင်းဘောလုံးအသင်းကကောင်တွေရော၊အထက်တန်းတုန်းကဘော်ဒါတွေအထိ စုံစမ်းခဲ့ပေမဲ့ သူတို့လည်းကူရှာပေးပါ့မယ်ဆိုတာလွဲပြီး ဘာမှအရာမထင်ဘူး။"

"သူ့အမျိုးတွေဆီကိုရော..."

"အန်တီက နှစ်ဖက်အမျိုးတွေဆီကို ဖုန်းဆက်ကြည့်ပေမဲ့ အဲ့ကိုလည်း ရောက်လာပုံမရဘူးတဲ့"

"..."

ဇေလင်းထက်သည် စိုးရိမ်ပူပန်စိတ်များအား စားပွဲပေါ်ရှိ ဖန်ခွက်ထဲမှရေခဲရေနှင့်မျှောချလိုက်သော်လည်း ရင်ထဲမှအပူမှာ ပိုလို့သာ တိုးလာရသည်။

အအေးနှင့်မုန့်များလာချပေးသော အစ်မဖြစ်သူအား ဇေလင်းထက်က ခွင့်တောင်းသည်။

"မမကြီး...သား သူငယ်ချင်းပျောက်သွားလို့ လိုက်ရှာဖို့လာခေါ်ကြတာ"

"ဟယ်...ဘယ်သူတုန်း သားသားရဲ့"

"ထွန်းသန့်လင်းလေ။
ကျွန်တော်... မှာတုန်းက အလယ်တန်းကနေ ဆယ်တန်းအထိ အတူတက်ခဲ့တာ။
အဲ့တုန်းက မမကြီးက ဒီမှာ ဆေးကျောင်းစတက်နေပြီဆိုတော့ သေချာမသိလောက်ဘူး"

"ထွန်းသန့်လင်းဆိုတာ နင့်ကောင်လေးမလား"

"အွတ်...အဟွတ်...အဟွတ်..."

လိမ္မော်ရည်အား တစ်ကျိုက်မော့သောက်လိုက်သော ဇေလင်းထက်တစ်ယောက် သီးသွားရသည်။

"မမကြီးက ဘယ်လိုလုပ်ပြီး"

"ငါင့်အစ်မပါဟယ်
ငါနဲ့အနီးကပ်နေလာတဲ့နင့်အကြောင်းကိုငါမသိတာရှိရင် ငါ့ရဲ့မေလင်းထက် ဆိုတဲ့နာမည်ကို ပြောင်းလိုက်မှာပေါ့"

ဧည့်သည်ကောင်လေးသုံးယောက်မှာ မောင်နှမနှစ်ယောက်၏ အဖြစ်သနစ်ကိုကြည့်၍ အူကြောင်ကြောင်ဖြစ်နေကြသည်။

"သူငယ်ချင်းတို့...ဒါငါ့အစ်မ ဒေါက်တာ ဒေါ်မေလင်းထက် တဲ့"

ခိုင်မြဲစေလို...Where stories live. Discover now