......

အာဘွားပေးပါဦး ဖိုးနဲ့ဖွားကို

အာဘွား......အာဘွား....

byebye.....
ဖိုးဖိုးနဲ့ဖွားဖွားကြီးရေ.....

ဖေဖေနဲ့မေမေ ပြန်သွားတော့ အိမ်ထဲဝင်လာပီး ''သုသု'' ကျောင်းသွားဖို့ လုပ်ရတယ်

''ဖေငယ် ''

ဟင်

''သုသု ''ကို ဒီနေ့ ကစားကွင်းလိုက်ပို့ပါလားဟင်

ဒီနေ့က ကျောင်းဖွင့်ရက်ကြီးလေ ''သုသု'' ရ

ပိတ်ရက်ကျရင် ''ဖေငယ်''လိုက်ပို့ပေးပါမယ်ကွာ

ဟိုတစ်လောကပဲ ဖွားဖွားကြီးနဲ့သွားသေးတယ်မလား

ဒီမှာ ''သုသု ''အတွက် ပစွည်းတွေအကုန်ကျောပိုးအိတ်ထဲထည့်ပြီးပြီ.... သွားကြစို့ ။

''Daddy'' စောင့်နေပီ

''ဖေငယ်''ကလဲ

''သုသု''က ဒီနေ့သွားချင်တာ ကစားကွင်းကို

ကျောင်းတက်ရမယ်လေကွာ

ဒီနေ့ ကျောင်းမတက်ချင်လို့

ဘာလို့လဲ ''သုသု'' ရဲ့

ဟင့်အင်း မသိဘူး ကစားကွင်းပဲလိုက်ပို့ပါ

''သုသု '' မဟုတ်တာကို ဂျီမကျနဲ့ကွာ

''Daddy'' သိရင် သုသု ကိုရိုက်လိမ့်မယ်

ဟင့်......အင့်

ဟိတ်....... ဘာလို့ငိုတာလဲကွာ ''

''ဖေငယ်''ပြောပေးလေ ''Daddy ''ကို

''သုသု ''ရယ် ကျောင်းသွားလိုက်ပါနော် ''သုသု'' အရင်လ က အဆင့်တွေကျထားတယ်လေဒီလ ထပ်ကျရင် Daddy အကြောင်းသိတယ်မလား ။

သိတယ် ''သုသု'' အဆင့်မကျစေရဘူး ''ဖေငယ်''

အာ့ကြောင့်လိုက်ပို့ပါနော်

ကိုကြီးပြန်ဝင်လာပီးမေးနေပီ..

ကြာလိုက်တာ ''သုသု'' မပီးသေးဘူးလား

''သုသု''က ဘာလို့ငိုနေတာလဲ ကျောင်းသွားခါနီး

ကိုကြီး ''သုသု'' လေးကို ဒီနေ့ကျောင်းတစ်ရက် မတက်ခိုင်းလို့ရမလား

ဘာဖြစ်လို့လဲ ''သုသု'' နေမကောင်းလို့လား

နေကောင်းတယ် ''ကိုကြီး''

Cheerleader Where stories live. Discover now