မှိုင်း ရူးလိုက်ချင်သည်။မှိုင်း ရူးသွပ်သွားလျှင် ကောင်းမည်။

ဆူဆူညံညံ အသံများကြောင့် မင်းခ အလောတကြီး ပြေးဝင်လာချိန်တွင် ရေချိုးခန်းတစ်ခုလုံး ပွစိတက်နေပြီး မှိုင်းက ကြမ်းပြင်ပေါ်တွင်ခွေခွေလေး။

မင်းခ မှိုင်းကိုယ်လေးကို ဆွဲထူလိုက်သော်လည်း ထမလာ

"ကျွန်တော့်ကို တစ်ယောက်ထဲ လွှတ်ထားပေး"

မှိုင်းစကားကို ဂရုမစိုက်ပဲ မင်းခ မှိုင်းကိုယ်လေးကို ဆွဲမကာ ပခုံးပေါ် ကောက်တင်လိုက်ပြီး ရေချိုးခန်းအပြင်ကို ခေါ်ထုတ်လိုက်တော့ မှိုင်း ယက်ကန်ယက်ကန်ဖြင့်

"အခု အောက်ချပေး အောက်ချပေးလို့…"

မင်းခ မှိုင်းကို ကုတင်ပေါ် အသာအယာချ‌ ပေး လိုက်ပြီးနောက်

"ငြိမ်ငြိမ်နေ"

မင်းခ ပါးစပ်ကလည်း ပြောရင်း တီရှပ် အင်္ကျီ လည်ပင်းပေါက်ကို ဆွဲချကာ ကြည့်လိုက်တော့ အသားများပင် ပွန်းပဲ့ကာ သွေးစို့နေသည် အထိ။နှုတ်ခမ်းတစ်ခုလုံးကလည်း ပေါက်ပြဲကာ နီရဲနေ၍ မင်းခ မျက်မှောင်ကြုံ့ မိသွားကာ

"မင်းရဲ့ ဒီလိုပုံစံနဲ့တင် ဦးမင်းမြတ် မြင်တာနဲ့ တန်းသိသွားမှာ။ပြော ဘာဖြစ်ချင်လဲ…ဘာတွေဖြစ်ခဲ့လို့လဲ။ဒီတစ်လအတွင်း ကိုယ်မင်းကို လုပ်ပေးခဲ့တာတွေက အလကားပဲလား"

မှိုင်း မျက်လွှာချကာ ငြိမ်သက်နေလိုက်သည်။

"တောင်ကြီးမှာ ကိုယ့်အသိ ရှယ်ယာရှင် တစ်ယောက်ရဲ့ သမီးက မင်းနဲ့ ရွယ်တူလောက်ပဲ ဖျတ်ဖျတ်လတ်လတ်နဲ့ လူငယ်ဆန်တယ်။သူနဲ့ ဒိတ်ကြည့်လိုက်"

"ဘာလို့လဲ…ဘာကိစ္စ ဒိတ်ရမှာလဲ"

မှိုင်းရဲ့ ဘုဆတ်ဆတ်အပြောကြောင့် မင်းခ ကျွတ်ခနဲ စုတ်သတ်လိုက်ပြီး နားထင် သွေးကြောကို ဖိလိုက်ကာ

"မကြိုက်ရင် အပျော်တွဲပေါ့ကွာ။အဓိကက ဟိုကောင့်ဆီ စိတ်မရောက်ဖို့ပဲ"

"ကျွန်တော်က…"

"မင်း ဂေးလို့မရဘူး။LGBTကို ကိုယ်နားလည်သလို ကိုယ်ဂေးနေလည်း ကိစ္စမရှိဘူး။ဒါပေမယ့် မင်းတော့ မဖြစ်ရဘူး မှိုင်းရီဝေ ကိုယ်မင်းအတွက် ပေးဆပ်ထားရတာတွေကို အလကား မဖြစ်စေနဲ့"

မှိုင်း(Complete)Onde histórias criam vida. Descubra agora