မိုးလင်းတော့လည်း အစောထရသူက
ကိုလှိုင်းဆက်ပါပဲ။ ငြိမ့်တည်မနိုးအောင်
ဖြေးဖြေးချင်းထလို့ နှစ်နှစ်ခြိုက်ခြိုက်
အိပ်ပျော်နေတဲ့ ကောင်လေးရဲ့ မျက်နှာကို
မိနစ်အတော်ကြအောင် ငုံ့ကြည့်နေခဲ့သေးသည်။ သူ့မှာ မျက်နှာလေးကိုတောင် မကိုင်ရဲ။ နာသွားပြီး နိုးလာမှာကို စိုးရိမ်နေခဲ့ရ၏။

မီးဖိုချောင်ထဲက အသံတွေကြောင့်
လန့်နိုးမလာအောင် အခန်းတံခါးကို
သေချာစေ့ပိတ်ပေးခဲ့ပြီး ကိုသျှမ်းဆီ
အရင်ဖုန်းခေါ်ရသည်။ အိပ်ချင်မူးတူးနှင့်
သူကို ငြိမ့်တည် နေမကောင်းကြောင်းပြောတော့ ဘာဖြစ်တာလဲ‌ပဲ မေးနေတဲ့ ကိုသျှမ်း။
နေမကောင်းက အမျိုးမျိုးရှိတဲ့အကြောင်း‌ရှင်းပြနေပြီး အဆုံးမှာတော့ ရိပ်မိသွားတဲ့ ကိုသျှမ်းက လှိုင်းဆက်ကို စနောက်နေသေးသည်။

ကိုသျှမ်းမှာတဲ့အတိုင်း အစာပျော့ပျော့ကျွေးဖို့ ဆန်ပြုတ်ကို သေချာပြုတ်ထားပြီး
အိမ်မှာရှိတဲ့ ဆေးသေတ္တာကို လှိုင်းဆက်မွှေရတော့သည်။ ဆေးကို သေချာပြင်ထားပြီး
ငြိမ့်တည်နိုးလာရင် အကုန်အဆင်သင့် ဖြစ်ပြီဆိုမှ ဘုရားသောက်တော်ရေလဲ၊ပန်းကပ်
လုပ်ရတဲ့ လှိုင်းဆက်။ ဆွမ်းတော်ကိုတော့
တလောက လက်ဆောင်ရတဲ့ ယိုစုံဘူးကိုသာ တင်ထားရသည်။

သူကတော့ ငြိမ့်တည်လေးနဲ့အတူ ဆန်ပြုတ်ပဲစားပါအုန်းမည်။ လက်ဖက်ရည်ဆိုင်ပြေးလို့ တစ်ခုခုဝယ်ကပ်မယ်တွေးသေးပေမဲ့
အိမ်မှာ ငြိမ့်တည်ကို တစ်ယောက်ထဲ မထားခဲ့ရက်။ တစ်ရက်လောက်တော့ ရှိတာလေးနဲ့
ကပ်လိုက်ရတာပါပဲ။

အားလုံးပြီးစီးတော့ ငြိမ့်တည်က မနိုးသေး။
ရုံးကိုဖုန်းဆက်လို့ နေမကောင်းကြောင်း
ခွင့်တိုင်တော့ အံ့ဩတကြီးဖြစ်နေတဲ့
ဝန်ထမ်းရေးရာဌာနက အစ်မကြီးသန်းကို
လှိုင်းဆက် အကြောင်းပြရသေးသည်။

"ကျွန်တော် ရုတ်တရက် အအေးပတ်သွားလို့"

တစ်ဖက်က ဂရုစိုက်ဖို့ မှာနေတုန်း နေရခက်လာတဲ့ လှိုင်းဆက်က တစ်ခါမှဒါမျိုး
မလှိမ့်တပတ်မလုပ်ဖူးဘူး။ သူက ဖျားနာတာ
ရှားပြီး ဘာနေနေ ရုံးတက်မယ်ဆိုတဲ့ လူမျိုးဖြစ်သည်။ အလုပ်မရှိရင် အထီးကျန်ပြီး
အတွေးများနေရမှာ ကြောက်ခဲ့တဲ့သူ။

ငြိမ့် (COMPLETED)Where stories live. Discover now