Part - 1

1.3K 171 15
                                    

(Zawgyi)

"သားငယ်လေးက ကိုကိုနဲ့တစ်ခန်းတည်းနေနော်"

"ဟုတ်ကဲ့ Appa"

ကလေးပီပီတခြားဘာမှ များများစားစားမတွေးတတ်သေးတာကြောင့် Mr.Min စိတ်အေးသွားရတယ်...။ ထို့အတူ Eunhee သည်လည်း ကလေးငယ်ကိုလက်ခံတဲ့သဘောပင်...။ ပြောရရင်သားငယ်လေးကလည်း မြင်သမျှလူတိုင်းချစ်ခင်ရလောက်အောင် သိပ်ချစ်စရာကောင်းသည်ကိုး...။

အိမ်အပေါ်ထပ်ရှိအခန်းတစ်ခုရှေ့အရောက်မှာ Mr.Min တံခါးအရင်ခေါက်လိုက်တယ်...။ ကလေးသာသာအရွယ် ရှိနေသေးတဲ့သားပေမယ့် စည်းကမ်းတကျဆုံးမထားသည်မို့ ကိုယ်တိုင်ကလည်း စည်းကမ်းမဖောက်မှလေ...။ သိပ်တော့မကြာလိုက် တံခါးကရှပ်ခနဲပွင့်သွားလေတယ်...။

"Appa...??"

ဖခင်ဖြစ်သူကိုလှမ်းနှုတ်ဆက်ရင်း သူ့အကြည့်တွေက ဖခင်ရဲ့လက်ကိုဆွဲကာ မတ်တပ်ရပ်နေတဲ့ပုတုတုကောင်ငယ်လေးဆီ ရောက်လို့သွားပြန်တယ်...။

"သား Yoongi... ဒါကသားရဲ့ညီလေးလေ..
နာမည်က Jimin တဲ့.. သားနဲ့တစ်ခန်းတည်းထားမလို့လေ... Minnie လေး ကိုကိုနဲ့အတူနေနော်"

Mr.Min က ကလေး၂ယောက်ကိုခပ်မြန်မြန်ပဲ မိတ်ဆက်ပေးလိုက်ပြီး Jimin လက်ကိုဆွဲကာ အခန်းထဲဝင်လာလိုက်တယ်...။ သားကြီးဖြစ်သူကတော့ ဘာမှပြန်မပြောငြား သိပ်မကြည်လင်တဲ့အကြည့်တွေနဲ့ ကလေးငယ်ကိုလှမ်းကြည့်နေတယ်...။ Omma ပြောထားတဲ့ သူ့ရဲ့ပြိုင်ဘက်ဆိုသူ ကလေးငယ်ပဲ...။ Appa ရဲ့အချစ်တွေကို သူတို့သားအမိက သိမ်းကျုံးယူထားကြတာတဲ့လေ...။

"သားရဲ့ကုတင်ကလည်းကြီးတာပဲ... ညီအစ်ကို၂ယောက် အတူတူပဲအိပ်ကြပေါ့... ညီလေးက နေရာစိမ်းမို့ တစ်ယောက်တည်းမအိပ်ရဲဘူးလေ... သားတို့အရွယ်ရောက်လာမှ အခန်းပြောင်းပေးတာဖြစ်ဖြစ် ဒီအခန်းထဲပဲ ကုတင်နောက်တစ်လုံး ထပ်ထည့်တာဖြစ်ဖြစ် လုပ်ပေးမယ်"

Appa က သားငယ်လေးရဲ့ပါလာတဲ့ ပစ္စည်းအနည်းအကျဉ်းကို နေရာချထားပေးနေပြန်တယ်...။ ခုထိကလေး၂ယောက်က စကားမပြောကြသေး...။ အငယ်လေးက သူ့အစ်ကိုကို မျက်လုံးဝိုင်းလေးနဲ့ လိုက်ကြည့်နေတယ်...။ မျက်နှာထားအတန်ငယ်တင်းနေတဲ့ အစ်ကိုဖြစ်သူကို စတင်ပြီးမနှုတ်ဆက်ရဲ...။ မူကြိုကျောင်းမှာကတည်းက လူကြောက်တတ်တဲ့အကျင့်လေး ရှိနေတာကြောင့်ပင်...။

Min Jimin (Completed)Où les histoires vivent. Découvrez maintenant