"​မောင်နှမဆိုတဲ့စကားထည့်မပြောပါနဲ့လား ငါ့ခန္ဓာကိုယ်ထဲလည်ပတ်နေတဲ့သွေးတွေပါအော်ဂလီဆန်ပြီးဖောက်ထုတ်မိမှာစိုးလို့"

ခနဲ့တဲ့တဲ့ရယ်လိုက်ပြီး ပြောလိုက်တဲ့ကျွန်တော့်​အပြောကြောင့် ဟက်ဟက်ပက်ပက်ရယ်ကာတုန့်ပြန်စကားဆိုလာသည်။

"အော် ဝမ်းကွဲအကိုရယ် ရှင်သိပ်သနားဖို့ကောင်းတာပဲ"

"​ရော့... ဒေါ်နန်းကြာညိုကိုပြလိုက် ပြီးရင် ငါတို့ရှေ့ကိုလုံးဝပေါ်မလာနဲ့ ထောင်မကျချင်ရင်ပေါ့"

ပစ်ချလိုက်တဲ့စာရွက်တွေကိုလှန်လှောကြည့်လိုက်ပြီး

"ပြီးသွားတာကြာနေတဲ့ကိစ္စကို ဘာလို့များအစပြန်ဖော်ချင်နေရတာလဲ ကျွန်မကတော့ရှင်တို့ကို ကျွန်မရဲ့သွေးရင်းတွေဆိုပြီးလိုက်ရှာလိုက်ရတာ ညီမတစ်ယောက်လိုမသတ်မှတ်ရင်တောင် ဒီလိုလုပ်ဖို့မလိုပါဘူး"

အေးစက်တဲ့အကြည့်တွေနဲ့ ပြောလာတဲ့ကောင်မလေးကို မျက်လုံးမှေးကျဥ်းကာ

"အသိမှတ်ပြုရမယ်... ဟားဟား... သိပ်ရယ်ရပါတယ်ဆိုတဲ့ဟာသတောင်ဒီလောက်ရယ်ရမယ်မထင်ဘူး မင်းအမေကြောင့် ငါတို့မိသားစုဘာတွေဖြစ်ခဲ့ရလဲ ပြီးတော့ငါ့ညီမလေးဘယ်လောက်တောင်ပေးဆပ်ခဲ့ရလဲ မသိဘူးလား မသိရင်လဲ နန်းကြာညိုဆိုတဲ့အဖွားကြီးကိုသွားမေးကြည့်ပါဦး သူငါတို့အပေါ်ဘယ်လောက်ယုတ်မာခဲ့လဲသိရအောင်"

လက်ညှိုးငေါက်ငေါက်ထိုးပြီးပြတ်ပြတ်သားသားပြောကာ မတ်တပ်ရပ်လိုက်ပြီးမှ

"​မင်းအမေလုပ်ရပ်ကို မင်းမသိပါဘူးလို့တော့မပြောနဲ့ နောင်တမရဘူးဆိုရင်တောင်အေးအေးဆေးဆေးနေ ငါတို့နဲ့လာမပတ်သတ်နဲ့ အထူးသဖြင်းနှိုင်းနဲ့ သတိပေးထားတာမှဆက်ပြီးပတ်သက်နေမယ်ဆိုရင် ငါ့အဆိုးမဆိုနဲ့"

"ရှင်တို့ပိုင်ဆိုင်သမျှအရာအားလုံးကို ရှင်ကိုယ်တိုင်ပြန်ယူပြီးပြီပဲမဟုတ်ဘူးလား သေတဲ့လူကသေပြီပဲကို ဘာအာဃာတွေထားနေရသေးတာလဲ ရှင်တို့နဲ့တွေ့ချင်တယ်ဆိုတာလဲ ဒဏ်ရာဟောင်းကိုပြန်ဆွပေးဖို့မရည်ရွယ်ပါဘူး ကျွန်မတကယ်ပိုက်ဆံလိုနေလို့ပါ အမေကဆေးရုံတင်ထားရတယ် ခွဲစိတ်ဖို့အတွက်ပိုက်ဆံလိုနေတယ် အဲ့တာကြောင့်ရှင့်ဆီကခဏချေးချင်လို့ပါ မိသားစုချင်းအားကိုးမိိတာကျွန်မမှားလား"

ဆုံစည်းခွင့်လေး (Completed)Where stories live. Discover now