အပိုင်း ၁၇

Start from the beginning
                                    

လူကို ချွဲနွဲ့နေတဲ့ နယုန်စုတ်လေးကို မျက်စောင်းထိုးကာ ထွက်ခဲ့လိုက်တော့သည်။ တကယ်တော့ သင်္ကြန်လည်း စိတ်မကောင်းပါ။ သူနဲ့အမြဲတွေ့ခွင့်မရတော့တဲ့အပြင် အလုပ်သံယောဇဉ်ကလည်း ရှိသေးတော့ ဝမ်းနည်းမိပေမယ့် ဟန်ဆောင်နေခဲ့ပါသည်။

"ဪ… ခင်သင်္ကြန်မိုးက ရှိသေးတာပဲ၊ အန်တီက နားသွားပြီ ထင်နေတာ"

မင်းသာထက်ကိုအပ်ဖို့ soft copy၊ hard copy file တွေနဲ့ ပစ္စည်းစာရင်းတွေ သေချာစဉ်းစားရင်း စာစီနေတဲ့ သင်္ကြန်ဟာ အသံကြားလို့ မော့ကြည့်လိုက်တော့ သူမစားပွဲရှေ့ရပ်ကာ ရယ်ပြနေတဲ့ ဒေါ်ယမင်းသူဇာနဲ့ မိန်းမလှလေးတစ်ယောက်။ သင်္ကြန် ပြုံးပြလိုက်ရင်း ထရပ်လိုက်သည်။ လူကြီးဆိုတော့ ထိုင်ပြီး နုတ်ဆက်နေလို့လဲ မကောင်းပါ။

"ဟုတ်… အန်တီ၊ မနက်ဖြန်တစ်ရက်ဆင်းပြီးရင် နားပါပြီ"
"သမီး လကလေး… ဒါက သားသားရဲ့ Secretary ခင်သင်္ကြန်မိုးတဲ့၊ ခင်သင်္ကြန်မိုး သမ္ဗူလထိန်ဝင်းတဲ့၊ သားသားနဲ့ စေ့စပ်မယ့် မိန်းကလေးပေါ့"
"အာ… ကြီးမေကလဲ… "

သင်္ကြန်သည် ရှက်သွေးဖြာသွားတ့ဲ လကလေးကို ဖော်ရွေစွာ ပြုံးပြလိုက်သည်။ ပုံစံလေးက မလှုပ်တလှုပ်နဲ့ တစ်မျိုးလေး ချစ်ဖို့ကောင်းပါသည်။

"လကလေးက အရမ်းလှတာပဲနော်၊ မြန်မာဆန်ဆန်လေးနဲ့ ချစ်ဖို့ကောင်းတယ်"

ဒါက ရွဲ့ပြီးပြောတာ မဟုတ်ရပါ။ တကယ်ပဲ လကလေးက ချီးကျူးရလောက်အောင် လှသူမို့ စိတ်ထဲရှိတဲ့အတိုင်း ချီးကျူးလိုက်မိတာပါ။

"မမက ပိုလှတာပါ၊ လကလေး မမကို အားကျတယ်၊ မမလိုမျိုး တက်တက်ကြွကြွ အလုပ်လုပ်ချင်တာ သိလား"
"ဒါဆို အတော်ပဲ၊ ခင်သင်္ကြန်မိုးက အလုပ်ထွက်တော့မှာဆိုတော့ သူ့နေရာမှာ သမီးဝင်လုပ်လို့ရတာပဲ"

ကြီးမေသည် သူမကိုတော့ ခင်သင်္ကြန်မိုးဆိုပြီး နာမည်အရှည်ကြီးကို မာတောင့်တောင့်လေသံနဲ့ မမောတမ်းခေါ်ခဲ့ပေမယ့် လကလေးကိုတော့ လေသံမာမာနဲ့ ခေါ်မိရင်တောင် နာကျင်တော့မည့်အလား လကလေး၊ သမီးနဲ့ နူးညံ့စွာသုံးနှုန်းပါသည်။ တကယ်အမျိုးတော်ရမယ့်သူကိုမှ စိတ်မကြည်အောင် အမျိုးမျိုး လာလုပ်ပြနေသလိုပင်။

🔟 ချစ်ရသော ယုန်ဖြူလေး [ Ohh! my boy ]Where stories live. Discover now