'ညစ်​လို့နိုင်​တာများ'

'ဘာညစ်​လို့လဲ. ငါ့အစွမ်းအစနဲ့ ငါနိုင်​တာကို မနာလိုမဖြစ်​ကြနဲ့ ဟွန်း
...
ဒိုး​တွေ သွားယူလိုက်​အုံးမယ်​'

'ညစ်​လို့နိုင်​တာများ တခြားသူ​တွေကြားရင်​ သူ​တော်​လို့ နိုင်​တယ်​ထင်​​နေအုံးမယ်​'

'ဟုတ်​ပါ့ ကိုကြီး​ရှောင်းက တအားညစ်​တာပဲ ပီး​တော့ တအားလည်း အငြင်းသန်​တယ်​'

'အမှန်​ပဲ'

'​ဟေ့​ကောင်​ ငါ ကိုကြီး​ရှောင်း နာမည်​ ​ခေါ်သံကြားလိုက်​သလားလို့..
ဈေးဝယ်​လာတဲ့သူလား မသိဘူး'

'ဟုတ်​မှာ ကိုကြီး​ရှောင်း အိမ်​​ရှေ့မှာ ​ဈေးဝယ်​လာ​နေတယ်​ထင်​တယ်​ ​ခေါ်သံကြားတယ်​'

'ဟုတ်​လား ..​အေး.​အေး သွားလိုက်​အုံးမယ်​ ..
အော်​ ..ဒါနဲ့ အခုနက မင်းတို့ ငါ့​အ​ကြောင်း​ပြော​နေတာ​တော့ မဟုတ်​ပါဘူး​နော်​'

'ဟာ ဘာလို့​ပြောရမှာတုန်း မ​ပြောပါဘူးဗျာ'

'ပီး​ရော သွားပီ'

......................................................

' ဘာဝယ်​ချင်​လို့ပါလဲဗျ...
ဟာ..​မေ​မေ ပြန်​လာပီလား..'

'ငါ ​ခေါ်​နေတာဖြင့်​ကြာလှ​နေပီ..နင်​ဘာလုပ်​နေတာတုံး..
ခေါ်မကြား ​အော်​မကြားနဲ့...
လာ.တံခါးဖွင့်​ပီး ပစ္စည်း​တွေ လာသယ်​လှည့်​'

'ဟုတ်​'

ဟွန့်​​ ​မေမေကလည်း သား​လေးတစ်​​ယောက်​ရှိတာကို တုန်​​​နေအောင်​ချစ်​မယ်​မကြံဘူး ​​ဆူပဲ ဆူ​နေတယ်​...တမင် ​ဆူဖို့များ ​မွေးထာသလားမသိ

'မြန်​မြန်​လာပါ ​ရှောင်း​ရှောင်း​ရယ်​ ​ခြေတစ်​လှမ်း ကု​ဋေ တစ်​သန်း​အောင်​ ​လျှောက်​​နေတယ်​ '

'လာပါပီ ​​မေ​မေကလည်း'

လူကြီး​တွေများ​နော်​ ဘယ်​အရာမဆို ဇိုးဇိုးဇတ်​ဇတ်​လုပ်​ရမှကို ​ကျေနပ်​ကြတာ ...
အေး​အေး​ဆေး​ဆေး မလုပ်​ချင်​ကြဘူး တကယ်​ပဲ

'ကဲ ကိုယ်​​တော်​​ချော ပစ္စည်း​တွေ ချအုံး ပီးရင်​ သယ်​သွား​တော့...

My potato (ကိုယ့်​ရဲ့အာလူး​လေး)[Z+U](completed )Where stories live. Discover now