ဒီလိုနဲ့ အစောက မရေမရာဖြစ်နေတဲ့ ပုံရိပ်အစား ရန်လိုနေတဲ့ငွေ့အသက်တွေကို ခံစားလိုက်ရပြီး သူတို့နှစ်ယောက် မကြာခင်တိုက်ခိုက်ကြတော့မယ်လို့တောင် ထင်လိုက်မိသည်။ ရှောင်ရှုအရမ်းစိတ်လှုပ်ရှားနေမိပြီ။

ရှောင်ရှု ရှိတယ်လို့ပြောလိုက်သည်။ သူက လက်ထောက်တစ်ယောက်အနေနဲ့ ဆံပင်တစ်မွှေးကအစ ဂရုစိုက်ပေးရပြီး အလုပ်ရှိတဲ့ရက်တွေမှာဆို သူ့ရင်ဘတ်မှာရှိတဲ့အိတ်က ရတနာအိတ်လိုပဲ လိုတရသည်။ ရှောင်ရှုကကျီးဝမ့်ကို ပလာစတာထုတ်ပေးလိုက်ပြီးတော့ ချီပေါ်ယန်အနားမှာ လူတွေဝိုင်းအုံနှင့်နေပြီဖြစ်သည်။

ကျီးဝမ့်အမြင်မှာတော့ ချီပေါ်ယန်ရဲ့လက်ဒဏ်ရာက အသေးအဖွဲ့သာဖြစ်သော်ငြား အခြားသူတွေအတွက်တော့ ကိစ္စအကြီးကြီးဖြစ်နေပုံရသည်။ ချီပေါ်ယန်ရဲ့လက်ထောက်က အလျင်အမြန်ပင် ပိုးသတ်ဆေးဖြန်းကာ ဆေးထည့်ပေးပြီး ဆေးရုံသွားကာ ပိုး‌သတ်ဆေးထိုးသင့်ကြောင်း ညင်ညင်သာသာပြောပြနေသည်။

ကျိုးချူရွှယ်က ချီပေါ်ယန်ဘေး၌ ထီးကလေးကိုင်လျက် ထပ်တူနာကျင်ဝမ်းနည်းနေဟန်ဖြင့် နာသွားသေးလားဟုမေးနေ၏။

လူအများဂရုစိုက်ခြင်းခံနေရတဲ့ အဓိကဇာတ်ဆောင်ကတော့ လက်ထောက်လေးပေးတဲ့ ပလာစတာကို လျစ်လျှူရှုကာ လက်ကိုလေထဲတွင်တန့်ထားလျက် သူ့မျက်လုံးကိုအနည်းငယ်ဝေ့ဝဲလိုက်ပြီးနောက် အကြည့်တွေက သူနဲ့ခြေလှမ်းအနည်းငယ်အကွာမှာ ရှိနေတဲ့ ကျီးဝမ့်ဆီ၌ ရပ်တန့်သွားသည်။

ရုပ်တည်တည်နဲ့ တောင့်တင်းစွာရပ်နေသည့်လက်လုပ်ကြံသူ(ကျီးဝမ့်)လက်ထဲရှိ ပလာစတာလေးက ကြက်ကလေးအစာစားနေတဲ့ ပုံဖြစ်ပြီး လွန်စွာမှချစ်စရာကောင်းလွန်းသည်။

ချီပေါ်ယန် လက်ထောက်ကို ဘေးကိုတွန်းလိုက်ကာ ကျီးဝမ့်ကိုလှမ်းပြောလိုက်သည်။

"ဒီကိုလာခဲ့"

ထိုခဏမှာ ဘေးပတ်ပတ်လည် ချီပေါ်ယန်‌ဆီ‌ ကျရောက်နေတဲ့ မျက်လုံးတွေက အနည်းငယ်မျှ ရှိုးတို့ရှန့်တန့်ဖြစ်မနေသည့် ကျီးဝမ့်ဆီပြောင်းရွေ့သွားကြသည်။ သူအရှေ့ကို ခြေလှမ်းလိုက်ရင်း အနာကပ်ပလာစတာကို ချီပေါ်ယန်ဘေးက လက်ထောက်ဆီပေးကာ ထပ်မံတောင်းပန်စကား ဆိုလိုက်သည်။

Give upWhere stories live. Discover now