ရေမွှားလေးတွေက ဖြန်းခနဲ ဖွာထွက်လာပြီး
နေရောင်ဖြာကျနေတဲ့ ဝရန်တာတစ်လျှောက်
ပျံ့နှံ့လို့သွားသည်။ အင်္ကျီခါလိုက်တာကြောင့်
ဝရန်တာရှိ ပန်းပင်ငယ်တို့ကလည်း
ယိမ်းနွဲ့လို့။  ငြိမ့်တည်က သူ့ဆီက
အဝတ်ကိုယူလိုက် တဖက်လှည့်ကာ လှန်းလိုက်နှင့် အလုပ်ရှုပ်နေသော ကျောပြင်ကိုကြည့်ရင်း ရင်ထဲသိမ့်ခနဲ။

ကိုလှိုင်းဆက်က ငြိမ့်တည်အပေါ် ကြင်နာသလို တာဝန်လည်းကျေသည်။ အကြီးမို့လို့
လွှမ်းမိုးထားတာမျိုးမရှိ။ သူဖြစ်ချင်တာ ရှိရင် လေပြေအေးနှင့်ပြောတတ်ပေမဲ့
ငြိမ့်တည်ကလည်း မပြောခင်ကတည်းက ဦးကျိုးချင်နေသည့် ကောင်လေးမဟုတ်ပါလား။ ဒါကြောင့် ကြာလာလေ သူတို့ကြားက
အခြေအနေလေးက ပိုပြီးသက်တောင့်သက်သာ ဖြစ်လာရသည်ဟု ငြိမ့်တည်ထင်မိသည်။

"မိုးကောင်းတော့ ရုံးဖွင့်ရက်တွေဆို အဝတ်
လျှော်ရတာ ကသီနေတာ။ ဒီပိတ်ရက်လေး
ရာသီဥတုကောင်းတာ တော်ပါသေးတယ်"
ကိုလှိုင်းဆက်က နောက်ဆုံးကျန်တဲ့
ရှပ်အင်္ကျီလက်ရှည်ကို လှန်းရင်း ပြောလို့လာသည်။ ဖြူဖွေးနေသော အင်္ကျီကြောင့်
ငြိမ့်တည် အမှတ်တွေအများကြီး ပေးနေရ၏။ ဒီလူ မတော်တဲ့နေရာရော ရှိသေးရဲ့လား။ ငြိမ့်တည် သဘောမကျချင်လောက်တဲ့
မကောင်းတဲ့ အချက်ဆိုတာ ပင်လယ်ထဲ
အပ်ပျောက်ရှာရသလို ဖြစ်နေမည်။
ငြိမ့်တည်ကို အချစ်တွေပုံအော မပေးသေးတာက လွဲရင် ကိုလှိုင်းဆက်က
အကုန်ကောင်းတဲ့ ယောက်ျားတစ်‌ယောက်ဖြစ်သည် ။

"ကိုလှိုင်းဆက် "

"ပြောဗျား "

"နောက်တစ်ခါ အဝတ်လျှော်ရင် ကျွန်တော့ကို စောင့်ပါဗျ ။ ကျွန်တော် ကူမှာပေါ့"

"ဟုတ်ပါပြီကွာ။ ကိုယ်က ပိတ်ရက်မှာ
ငြိမ့်တည်ကို အေးဆေးနေစေချင်လို့"

"အခုလည်း အေးဆေးနေတာပါဗျာ။ ဒီထက်အေးရင် ကျွန်တော် ရေခဲသေတ္တာဖြစ်တော့မယ်"

ငြိမ့်တည် အပြောကို သဘောတကျရယ်တဲ့
ကိုလှိုင်းဆက်။ ဖြာကျနေတဲ့ နေရောင်ခြည်ပင် ကိုလှိုင်းဆက်၏ အပြုံးတွေနှင့်ယှဉ်လျှင်
သိမ်ငယ်သွားနိုင်လောက်သည်။

ငြိမ့် (COMPLETED)Where stories live. Discover now