ရိပေါ်ခေါင်းရမ်းကာ ဘမ့်၏ ပါးပြင်လေးအား ပွတ်သပ်လိုက်သည်။ ရှောင်းကျန့်ကတော့ ကားစတီယာရင်ကို တင်းကြပ်စွာ ကိုင်ထားပြီး မေးရိုးတွေတင်းနေအောင် အံကြိတ်ထားရင်း ငိုချင်စိတ်ကို တောင့်ခံနေလေသည်။
*အကိုက ဘာလို့စိတ်ညစ်ရမှာလဲ ဘမ်။ ဘမ့်ကြောင့်လေ အကိုတစ်ခါမှ စိတ်မညစ်ရဖူးပါဘူးကွာ*
*ရိပေါ်ကော ညာနေတာပါ။ ကျွန်တော်က ကိုကို့ကို ရိပေါ်ကောဆီကနေ လုဖို့ ကြံထားတဲ့ကောင်လေ*
ရိပေါ် မျက်ရည်တွေ ဝိုင်းလာသည်။ ဘာလို့ ဒီကောင်လေးက သူ့ကိုသူ အပြစ်ရှိသည်ဟု ထင်နေတာလဲ။ ကိုယ်ချစ်တဲ့သူကို အပိုင်လိုချင်တာ အပြစ်မှမဟုတ်ပဲလေ။
*ကိုယ်ချစ်တဲ့လူကို ပိုင်ဆိုင်ချင်တာ အပြစ်မဟုတ်ပါဘူး ဘမ်။ ဘမ် မမှားပါဘူး။ အကို့ ညီလေးက အရမ်းချစ်တတ်တာပါ*
ဘမ့်ဆီမှ ရယ်သံတိုးဖျော့ဖျော့လေး ထွက်ပေါ်လာခဲ့သည်။ ထိုရယ်သံသဲ့သဲ့တွင် နာကျင်မှုတွေရောထွေးယှက်နေလေ၏။
*ကိုကိုက ဘာလို့ ရိပေါ်ကောကို အရမ်းချစ်နေတာလဲ ကျွန်တော် သိလိုက်ပြီ*
မောဟိုက်သံ ပါလာသည့် ဘမ့်ကြောင့် ရိပေါ် စကားမပြောရန် တားပေမယ့် မရ။ ရှောင်းကျန့်ကတော့ ဘာမှဝင်မပြောပဲ မျက်ခမ်းစပ်တွေ ရဲနေသည်ကို ရိပေါ် မြင်နေရသည်။
*ရိပေါ်ကောက အရမ်းသဘောထား ပြည့်ဝလို့ပဲ။ ကျွန်တော်ထင်ထားတာထက် အများကြီး သဘောထား ပြည့်ဝတယ်။*
*ဘမ် မောနေမယ်လေကွာ*
ရိပေါ် တားယူပေမယ့် မရ။ ရှောင်းကျန့်ကတော့ မျက်ရည်တွေ ကျနေလေပြီ။
*ရိပေါ်ကောလိုလူကို ပစ်မှားမိလို့ ကျွန်တော် အခုလို ခံစားနေရတာထင်တယ်နော်။ အဲ့တာမို့ ကျွန်တော့်ကို ခွင့်လွှတ်ပေးလို့ ရမလား ရိပေါ်ကော*
ရိပေါ်ပင် မထိန်းနိုင်ပဲ ဘမ့်ခန္ဓာကိုယ်အား ထွေးဖက်ပစ်သည်။ အသက်ငယ်ငယ်ကောင်လေးက ဘယ်လောက်များ ရင့်ကျတ်နိုင်မှာမို့လို့လဲ။ လိုချင်တာကို ပူဆာမယ်။ မရ ရအောင် ယူမယ်။ လိုတရဘဝမှာ ကြီးပျင်းလာပြီး မရင့်ကျတ်သည့် ကလေးတစ်ယောက်မှာ ဘယ်လောက်များ တွေးခေါ်နိုင်စွမ်း ရှိမှာမို့လို့တဲ့လဲ။
For..
Start from the beginning