❤️31❤️(Part2)

Start from the beginning
                                    

လေတွေကတိုက်လာ...မိနစ်တွေကတဖြည်းဖြည်း
ကုန်ဆုံး ဖုန်းCallတွေ အထပ်ထပ်နှင့်....။
မျက်အိမ်တွေနီရဲတက်လာသည်။
ရင်ခုန်ခဲ့သော ပြင်ဆင်ထားသည့်စားပွဲပေါ်က
အရာတွေကိုသည်ရုပ်ဆိုးလွန်းလာခဲ့သည်။

အတူတူလာချင်ခဲ့ပေမယ့် မောင်ကဘယ်လို
တွေစီစဉ်ထားတာမောင်က...မောင်က
ဆိုတဲ့ ကလီကမာပလီပလာတွေကြားMD Park
ကလုံးဝComplain မတက်ခဲ့။
အရာရာ သဘောဆိုပြီး ပြောတဲ့အတိုင်းလိုက်နာ
ပေးခဲ့တာ....။

ဘယ်လောက်ထိန်းထားခဲ့ပါစေ....
နှလုံးသားတစ်ခုလုံးနဲ့ရင်းကာသူDateကြမယ်လို့
ပြောတဲ့အချိန်ထဲက လှိုက်ခါနေအောင်ပျော်ရ
သောပျော်ရွှင်မှုသည် မထိန်းနိုင်မသိမ်းနိုင်။
ဆိုးလို့ရပါတယ်...စိတ်ကြိုက်ရိုင်းခွင့်လည်း
ရှိပါတယ်...ဒါပေမယ့် မရက်စက်သင့်ဘူးလေ။
ရင်ဘက်တစ်ခုလုံးတင်းကျပ်လာကာ
အသက်ရှုတွေမြန်လာခဲ့သည်။

ဘယ်လောက်တောင်ပြင်ဆင်ခဲ့ရလဲ...။
ငြိုငြင်သွားစေမယ့်နေရာလေးတစ်နေရာ
တောင်မရှိအောင် ခြေဆုံးခေါင်းဆုံး
သူကြိုက်အောင် ပြင်လာခဲ့တာ...။

ယောကျ်ားစစ်စစ်တစ်​ယောက်ဖြစ်ရက်နဲ့
တခြားယောက်ျ်ားတစ်ယောက်ကြိုက်အောင်
ရည်ရွယ်ပြင်ဆင်တာမျိုးက ဘယ်လောက်
ကသောင်းကနင်းဆန်တဲ့ခံစားမှုမျိုးလဲ....။
ဒါတွေကို ချစ်တဲ့စိတ်နဲ့ဖြတ်သန်းခဲ့တာ....။

အကြိမ်ပေါင်းများစွာဖုန်းခေါ်ပြီးတဲ့အခါ
လုံးဝမကိုင်သောဖုန်းသည်လူသတ်ချင်လာတဲ့အထိ
ဒေါသကိုထွက်လာစေပါသည်။

ညနေကဖုန်းပြောရင်းRomအိမ်မှာရှိနေတာ
ကိုသိထားတာကြောင့်ဖဲဝိုင်းတွေရှိနေတာလည်း
နားစွံ့နားဖျားကြားထားတာကြောင့်မသေချာပေမယ့်
သွေးရူးသွေးတန်းဒေါသတွေနဲ့Romအိမ်မှာ
သွားရှာကာ တွေ့ရင်သတ်ဖို့ဆုံးဖြတ်ပြီး
နာကျင်စရာအပြင်အဆင်တွေကိုထားခဲ့ကာ
ပြေးထွက်လာခဲ့သည်။

ကားတိုက်မှုဖြစ်ရင် အမှုန့်ဖြစ်သွားနိုင်သော
အရှိန်ဖြင့်Jimin ယာဉ်စည်းကမ်းလမ်းစည်းကမ်း
တွေအကုန်ဖောက်ဖျက်ကာ တရကြမ်းမောင်းလာ
ခဲ့သည်။နာရီဝက်တောင်မမောင်းလိုက်ရ
ထိန်းထိန်းလင်းနေသော Rom အိမ်ရှေ့သို့ရောက်ကာ
ခြံထဲသို့ဝင်လာလိုက်သည်။

မောင်Where stories live. Discover now