ထမင်းစားခန်းထဲ ဝင်လိုက်တော့ ဒေါ်နန်းယုက မနက်စာကိုပြင်ကာ အသင့်စောင့်နေဟန်။

"ကျွန်တော်တို့အတွက် ပြင်ပြီးတာနဲ့ ပြန်လို့ရပါတယ်။ဒေါ်ယု မနက်စာစားတာနောက်ကျနေဦးမယ်။ဒါမှမဟုတ် တစ်ခါထဲ ဝင်စားသွားပါလား"

မင်းခစကား‌ကို ဒေါ်နန်းယုက ခေါင်းခါပြကာ

"ဒီနေ့က မှိုင်းလေးအကြိုက် ရှမ်းသုပ်လုပ်ထားတာမလို့ စောင့်နေတာပါ။ဟိုဘက်ခြံ ပြန်ရောက်မှပဲစားတော့မယ်။မနက်စာလေးတော့ ဒေါ်ယုတို့ မိသားစုစုံအောင်စားကြတာမလို့ပါ။ခဏစောင့်နော် ဒေါ်ယုပြင်ပေးမယ်။သားက ရှမ်းသုပ်စားမှာလား ရှမ်းရည် စားမှာလား။"

‌"ကောင်းသားပဲ ကျွန်တော့်အတွက်က အသုပ်ပဲ ပြင်ပေးပါ"

မင်းခ စကားကြားသည်နှင့် ဒေါ်ယု မီးဖိုခန်းထဲ ပြန်ဝင်သွားသည်။မကြာခင်မှာပဲ အငွေ့ တထောင်းထောင်း ကြက်သွန်မြိတ်ဖွေးဖွေးဖြင့် ရှမ်းသုပ် တစ်ပန်းကန်က မင်းခရှေ့တွင် နေရာယူလာ၏။ငရုတ်ချဉ် ရှမ်းချဉ်များ အပြင် ကြက်ရိုးဟင်းရည်က မပါမဖြစ်။မင်းခ ငရုတ်ချဉ် ကိုထည့်ကာ မွှေလိုက်ပြီး စားဖို့ပြင်နေစဉ်

"ဟယ် မှိုင်းလေး ချောနေလိုက်တာကွယ်။"

ဒေါ်နန်းယုရဲ့ အာမေဋိတ်သံကြောင့် မင်းခ ထမင်းစားခန်း အပေါက်ဝ ဘက်သို့ စောင်းငဲ့ကြည့်လိုက်တော့ လည်ကတုံး အင်္ကျီ အဖြူကို ပုဆိုး အနီဖြင့် တွဲဝတ်ထားသော ရှမ်းပြည်သားလေး မှိုင်း။ရှင်းသန့်နေသော မှိုင်းပုံစံကို မင်းခ သေချာကြီး လိုက်ကြည့်နေမိသည်။

မှိုင်းမှာ နဂိုကတည်းက အသားဖြူသူဖြစ်၍ လည်ကတုံးအင်္ကျီ အဖြူနဲ့ ထင်းထွက်နေကာ မှိုင်း အရပ်မှာ 5' 10 ဖြစ်၍ ဒီဘက်တွင်တော့ နိမ့်သည်ဟု မဆိုနိုင်သော အနေအထားတွင်ရှိသည်။‌ပုဆိုးကို သပ်ရပ်စွာ ဝတ်ထားပြီး မင်းခ ဘုရားသွားစဉ်က စီးပေးထားသော ခြေကြားညှပ် ကတ္တီပါ ဖိနပ်အနက်ကို စီးထား၏။

မင်းခနဲ့ ဒေါ်နန်းယုတို့ရဲ့ အကြည့် စူးစူးတို့ကြောင့် မှိုင်းမျက်နှာလေးရဲလာပြီးနောက် မင်းခနဲ့ မလှမ်းမကမ်းတွင် ဝင်ထိုင်လိုက်သည်။ထို့နောက် စားပွဲကို ဝေ့ကြည့်လိုက်ပြီး

မှိုင်း(Complete)जहाँ कहानियाँ रहती हैं। अभी खोजें