ဒီအဖြူကောင်လေးက ကျနော့်အပိုင်ဖစ်ရင် သူ့ကို ကျနော် ရန်းအတိုင်းပြုပြင်ပေးရမယ်....

''Qualcuno arrivato la mattina presto e ha disturbato il mio sonno'' (ဘယ်ကောင်လည်းကွ မနက်စောစောစီးစီးငါအိပ်နေတာကို လာနှောင့်ယှက်တာ.. ''

တွေ့လား စကားပြောတာကလည်း ရိုင်းသေး..
မဖြစ်သေးပါဖူး.. ရန်းအတိုင်းကို ပြုပြင်ပေးမှရမယ်..

'' ကျနော်ပါဗျာ... ''
ကျနော့်ကိုမြင်တော့ မျက်လုံးပြူးမျက်စံပြူးနဲ့ အဖြူကောင်လေးပါ...

'' ဟျောင့်ဘာလည်း မင်း..ငါ့အိမ္ကို ဘာလာလုပ်တာလည်း.. ပန်းတွေကို ပြန်လျော်ပေးဖို့လာတာလား.. ''

'' အမ်.. ''

'' အမ်မနေနဲ့ လျော်မယ်ဆိုရင်လည်း ပိုက်ဆံမြန်မြန်ပေးပြီး လစ်တော့... ''

'' နေစမ်းပါအုန်း... ခင်များအသက်က ဘယ်လောက်မို့လို့ ကျနော့်ကို ရိုင်းရိုင်းပြောနေရတာလည်း.. ''

'' အေး.. မင်းအဖေ ငါ့ရဲ့အသက်က ၂၆ ဟ.. ရှင်းပြီလား.. ''

'' ဗျာ.... ''
ကျနော် အံ့သြသွားတာတော့ အမှန်ပဲ... ဒီဖြူဖြူသေးသေးလေးက 26 တဲ့...

'' မဖြစ်နိုင်တာ... ခင်များ ၂၆ နှစ်ဆိုတာ ကျနော်လုံးဝ မယုံဖူး.. ''

'' အေး.. မယုံတော့ ငါဘာလုပ်ပေးရမလည်း..
မှတ်ပုံတင်ကဒ်ကို ကြည့်မလား.. ''

'' သားရေ.. ''

'' ဟာ အဖေ ပြန်လာပြီလား.. အစောကြီးပဲ ရှိသေးတာကို.. ''

'' ဟိတ်ကောင် နာရီလေးဘာလေးကြည့်အုန်း 10 နာရီ ခွဲတော့မယ်ကွ... ကာလနဂါးနဲ့များ အမျိုးတော်ထားလားမသိဖူး.. ''
ဆိုပြီး သူ့အဖေက သူ့ကိုပြောနေလေရဲ့.. ပျော်စရာကောင်းတဲ့ မိသားစုလေးပဲ...

'' အဖေကလည်း ကိုယ့်သားဆိုရင် အကောင်းကိုမပြောဖူး.. ''
နှုတ်ခမ်းလေးကို ထော်ထော်နဲ့ ပြောနေလေသော
အဖြူအနှီကောင်လေးပါ...

'' အယ်.. ဧည့်သည်ရောက်နေလား ဟေ့ကောင်
မင်ယွန်ဂီ ဧည့်သည်ကို အိမ်ထဲမခေါ်ပဲ ဘာလုပ်နေတာလဲ.... လာလာ သားအိမ်ထဲဝင်... ''

'' ဟုတ်ကဲ့ဗျ....''
အိမ်ထဲကို ဝင်တော့ အိမ်လေးက နေချင်စရာလေးဗျ.. သေသေသပ်သပ်လေး
ကျနော်လည်း ရန်းနဲ့ ဒီလိုလေး အတူနေချင်မိသား..

'' သား.. ဘာကိစ္စရှိလို့.. ဦးတို့အိမ်ကို လာရတာလည်း.. ''

'' အော်.. အန်ကယ့်သားကို မနေ့က ကိစ္စလေး တောင်းပန်ချင်လို့ပါ... ''

'' အဟွတ် အဟွတ်... ''
ရေသောက်နေရင်းနဲ့ ရေသီးသွားသော ကြောင်ပေါက်ပါ...

'' ဟေ့ကောင် မင်းရေကို ဖြေးဖြေးသောက်ပါ.. လုမသောက်ပါဖူး.. ''

'' ဟိုကောင် အမူးသမား.. မင်းငါ့ကို ဘာတောင်းပန်ချင်လို့လည်း... ''

'' ဟေ့ကောင် မင်ယွန်ဂီ.. ဧည့်သည်ကို ဘယ်လိုပြောနေတာလည်း.. ''

'' ရပါတယ် အန်ကယ်.. ကျနော် တောင်းပန်ချင်တာက မနေ့က အန်ကယ့်သားရဲ့.....''

မျက်လုံးကြီးတဖြေးဖြေးပြူးလာပြီး ထယ် က ဘာကိုတောင်းပန်မလည်းဆိုတာကို စိုးရိမ်နေတယ့် အချေမင်းသားမင်ယွန်ဂီ
နဲ့
ဘာကို တောင်းပန်ဖို့ အိမ်ထိရောက်လာတယ့် ကင်ထယ်ဟျောင်း
-----------------------------

မျှော်....
ဘာကိုတောင်းပန်ဖို့လာတာလည်း... နမ်းမိတယ့်အကြောင်းကိုလား ဒါမှမဟုတ် ဘာလည်း...

ဒါနဲ့
I want feedback... okay......

25.9.2021
7:05 pm
lavender

𝕃𝔸𝕍𝔼ℕ𝔻𝔼ℝ ( complete) Onde histórias criam vida. Descubra agora