IX. ( Zawgyi )
1.6K 101 6
ဝမ်​ရိ​ပေါ်အခန်း​ပြန်​​ရောက်​လာ​တော့ ​ရှောင်းကျန့်​က ကုတင်​​ပေါ်မှာဖုန်းတစ်​လုံးနဲ့။ သူ့ဝင်​လာတာကို​တောင်​​တစ်​ချက်​မကြည့်​ဘူး။ အဖွဲ့နဲ့ ပ​ရောဂျက်​​ဆွေး​နွေး​နေတယ်​ထင်​တယ်​။
ဝမ်​ရိ​ပေါ်က ​ကျောပိုးအိတ်​ကိုစားပွဲ​အ​သေး​လေး​ပေါ်တင်​လို့ လူကအိပ်​ရာ​ပေါ်လှဲလိုက်​တယ်​။ ပက်​လက်​အိပ်​အ​နေအထားနဲ့ တစ်​ဖက်​ကုတင်​က​ရှောင်းကျန့်​ကို မျက်​လုံး​ထောင့်​ကပ်​လို့ကြည့်​လိုက်​တယ်​။
အပြုံးနုနုနဲ့​ရှောင်းကျန့်​က အရမ်းကိုရင်​​အေး​စေတယ်​။
ဟမ်​...​ရှောင်းကျန့်​က ပြုံး​နေတယ်​?
နူးနူးညံ့ညံ့ကို​လေ....
ရုတ်​တရက်​ကြီး ဝမ်​ရိ​ပေါ်က ဖရန့်​​ပြောတဲ့ လူမှု​ရေးသိပ္ပံ​မေဂျာရဲ့ပ​ရောဂျက်​ကြီးနဲ့ ထစ်​ဖနီကိစ္စကိုသတိရသွားတယ်​။
"အဟမ်း..."
ဝမ်​ရိ​ပေါ်က ကုတင်​ကို​ကျောမှီလိုက်​ရင်း ​ချောင်းဟန့်​လိုက်​တယ်​။ ဒါ​ပေမဲ့ ​ရှောင်းကျန့်​က သူ့ကိုမကြည့်​လာ​သေးဘူး။
"အဟမ်း...အဟမ်း"
ဝမ်​ရိ​ပေါ်က ပိုပြီးအသံကိုမြှင့်​လိုက်​တယ်​။ ​ရှောင်ကျန့်​က တစ်​ချက်​​တော့ကြည့်​လာတယ်​။
ဝမ်ရိ​ပေါ်ကိုကြည့်​လာတဲ့အခါ ​ခုနကနူးညံ့တဲ့အပြုံး​တွေက အလန့်​တကြားနဲ့​​ပျောက်​ကွယ်​ကုန်​တယ်​။ လက်​ကလည်း ဖုန်းစခရင်​ကိုပိတ်​ပြီးသားဖြစ်​တယ်​။
"ဘာ..ဘာလဲ...​ချောင်းဆိုး​နေရင်​လည်း ​ဆေး​သောက်​​လေ"
ရှောင်းကျန့်​က ​ပြောပြီးတစ်​ဖက်​လှည့်​အိပ်​ဖို့ပြင်​တယ်​။
ဘာလဲ...ဘာလို့လန့်​တာလဲ။
ဘယ်​သူနဲ့ chattingထိုင်​​နေတာလဲ။
ထစ်​ဖနီ?
dating partner?
"​ရှောင်းကျန့်​..."
JUST ANOTHER BOY [ Completed ]Where stories live. Discover now