"ငါ မစားချင်ဘူး" ဆုနိုသည် အိပ်ယာ​ပေါ်မှာ ကားယားကြီးလှဲ​​နေရင်းနဲ့ ညည်းတွား​​နေသည်။

“ဒါဆိုရင် မင်းအကြိုက်ဆုံး အမဲသားခေါက်ဆွဲရှိတဲ့ ဆိုင်ကို သွားကြမလား?ငါတို့ အမဲသားသုံးပွဲ​လောက်မှာပြီး အစပ်အိုးနဲ့ တွဲစားကြမယ်​​လေ။ အမဲသားကို နူးညံ့သွား​အောင် ချက်ကြတာ​ပေါ့!"
ဒိုင်အန်း သူ့​ခေါင်း​လေးကို ပွတ်​ပေးလိုက်သည်။

"မစားချင်ဘူး" ဆုနို ပေါက်ဖက်​လေးတစ်​ကောင်လို နေ,နေရင်း ပြောလိုက်သည်။

"ဒါဆိုရင် ပန်းငါးပွင့်အသားကင် စားရအောင်.."

"မစားချင်ဘူးလို့!" ဆုနို စောင်ကို ခေါင်းမြီးခြုံလိုက်တော့သည်။

"ဘာဖြစ်​​နေတာလဲ,နိုနိုရာ?" ဒိုင်အန်း စိတ်ပျက်လက်ပျက်ဖြစ်သွားရပြီး စက္ကန့်မလပ် စိုးရိမ်မိသွားသည်။

"ငါ အဆင်​ပြေတယ်။တကယ်ပဲ လုံးဝကို အဆင်ပြေ​နေတာ!"

ဆုနို ဒီစကား​တွေကို ပြော​နေရင်း မျက်လုံးတွေက နီရဲလာကာ မူလက ယုံကြည်စိတ်ချရသည့် ပထမစကားတစ်ခွန်းကို ဖျက်ဆီးလိုက်သည်။

ဒိုင်အန်းသည် သူ့နှလုံးသားတွေ၊ အူတွေတောင် နာကျင်သွားသလို ခံစားလိုက်ရသည်။ သူ့ကို ဒီလို aaaah ဖြစ်အောင် လုပ်ခဲ့တဲ့အရူးက ဘယ်သူလဲ! သူတို့မှာ ကိုယ်ကျင့်တရားမရှိဘူးလား! သူတို့ကို အသား​ချောင်းလုပ်ပစ်ရမယ်!သူတို့ ကုန်းကုန်းဖြစ်သွား​​စေရမယ်!!

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ဒိုင်အန်းသည် သူ့နှလုံးသားတွေ၊ အူတွေတောင် နာကျင်သွားသလို ခံစားလိုက်ရသည်။
သူ့ကို ဒီလို aaaah ဖြစ်အောင် လုပ်ခဲ့တဲ့အရူးက ဘယ်သူလဲ! သူတို့မှာ ကိုယ်ကျင့်တရားမရှိဘူးလား! သူတို့ကို အသား​ချောင်းလုပ်ပစ်ရမယ်!သူတို့ ကုန်းကုန်းဖြစ်သွား​​စေရမယ်!!

ဒိုင်အန်း၏အတွေးများသည် ခံစားချက်​တွေ ပြင်းထန်လွန်းသွားကတည်းက ကောင်းကင်ကိုပင် သက်​ရောက်သွားကာ တိမ်တိုက်များသည် မိုးကုပ်စက်ဝိုင်းထဲသို့ စုရုံးလာတော့သည်။

ဖက်ရှင်ကျသည့် မစ္စတာ ||မြန်မာဘာသာပြန်||Where stories live. Discover now