"ဒါဆိုရင် ကိုယ် ဒီညဒီမှာ​နေမယ်" အိုးရန်လုံ တစ်ဖက်လူရဲ့ မျက်နှာလေးကို တယုတယနဲ့ ဖျစ်ညစ်လိုက်သည်။

“.......မ​နေတာ ပို​ကောင်းမယ်ထင်တယ်" ဆုနိုသည် သူ့ကိုယ်သူ အကြင်နာမဲ့လိုက်တာဟု ခံစားမိလိုက်သည်။ဒါ​ပေမယ့်လည်း အစ်ကိုကြီးတွေဆိုတာ တကယ် ကြောက်စရာကောင်းတယ်​လေ!

“ထပ်ပြီး မင်းအစ်ကို ကြောင့်ပဲလား?" အိုးရန်လုံ မျက်​မှောင်ကျုံ့လိုက်သည်။

ဆုနို အပြစ်ရှိသည့် အကြည့်​လေးဖြင့် သူ့ကိုကြည့်လိုက်ကာ,"အဲ့တာ​ကြောင့်.....ကျေးဇူးပြုပြီး..စိတ်မဆိုးပါနဲ့​နော်"

"ကိုယ်က ဘယ်လိုလုပ်ပြီး မင်းကို စိတ်ဆိုးနိုင်မှာလဲ?" အိုးရန်လုံတစ်​ယောက် မျှော်လင့်ချက်တွေ မဲ့သွားသလို။
"ကိုယ်က မင်းကို တစ်ချိန်လုံး စိတ်မ​ရှုပ်​နေစေချင်လို့ပါ"

“အချိန်​လေး နည်းနည်းလောက်​ပေးပါ။ဒါရိုက်တာကြီးကို လက်ခံလာ​ဖို့ အစ်ကိုကြီးကို ကျွန်တော် စည်းရုံးနိုင်​စေရပါမယ် " ဆုနို သူ့ရဲ့လည်ပင်းကို တွဲချိတ်လိုက်ရင်းနဲ့ ကတိ​ပေးလိုက်သည်။

အိုးရန်လုံ ခေါင်းညိတ်ပြလိုက်ပြီး သူ့ကို နမ်းလိုက်သည်။ "စိတ်မရှိဘူးဆိုရင် ကိုယ့်ကို မင်းမိသားစုအ​ကြောင်း ပြောပြလို့ရမလား?"

ဆုနို တောင့်တင်းသွားရသည်။
.
.
.
.
.
"ကိုယ်အဖေက အချိန်ပြည့်အငြိမ်းစားယူလိုက်ပြီ။ပြီးတော့ အမေက အိမ်ရှင်မတစ်ယောက်။ သူတို့က မင်းကိုသေချာပေါက်ချစ်မှာ သေချာတယ်" အိုးရန်လုံ သူ့ကိုထမင်းစားပွဲပေါ်တင်လိုက်သည်။

"မင်းအလှည့်။"

“ကျွန်တော်......”

ကျွန်တော်အဖေနဲ့အမေက အ​စောကြီးကတည်းက ဆုံးပါးသွားခဲ့ပြီ။ကျွန်​တော့်မှာ ကာစီနိုနဲ့ ညဘားတွေ ဖွင့်ထားတဲ့ အစ်ကိုတစ်​ယောက်တည်းသာရှိတယ်၊ သူက မြေ​အောက်အဖွဲ့အစည်းထဲက ဖြစ်ပြီး​တော့ သူက အရမ်းကို ရက်စက်ပြီး ဒေါသလည်း ကြီး​သေးတယ်!

သူ ဘယ်လိုလုပ်ပြီး အသံထွက်ပြီး ပြောလို့ရမှာလဲ။ ဆု​ရှောင်းနိုတစ်​ယောက် မျက်ရည်​စီး​ကြောင်းကြီး ဖြစ်သွား​တော့မလိုပင်။ သူ လုံးဝ အရှုံးနဲ့ ရင်ဆိုင်​နေရပြီ!

ဖက်ရှင်ကျသည့် မစ္စတာ ||မြန်မာဘာသာပြန်||Where stories live. Discover now